close

အမေရိကန်ဒုသမ္မတနှင့်အဖွဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ သွားရောက်

အမေရိကန် ဒုသမ္မတ ကာမာလာ ဟာရစ်နဲ့ အမေရိကန် အဆင့်မြင့်ဆုံး ကိုယ်စားလှယ်အဖွဲ့ဟာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို မေ ၁၆ ရက်က သွားရောက်ခဲ့ကြပြီး ကွယ်လွန်သွားတဲ့ သမ္မတ ခါလီဖာအတွက် ဝမ်းနည်းစကား ပြောကြားခဲ့ကြပါတယ်။

ဒုသမ္မတ ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ထဲမှာ ကာကွယ်ရေး အတွင်းဝန်၊ ဗဟိုထောက်လှမ်းရေး အေဂျင်စီ စီအိုင်အေ အကြီးအကဲနဲ့ အဆင့်မြင့် အိမ်ဖြူတော် အရာရှိတွေ အပါအဝင် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အမျိုးသားလုံခြုံရေး ထိပ်တန်း လက်ထောက်တွေ အားလုံးနီးပါး ပါဝင်ပါတယ်။

ကိုယ်စားလှယ်အဖွဲ့  ဖွဲ့စည်းပုံဟာ ဒေသတွင်း အမေရိကန်အစိုးရရဲ့ ကတိကဝတ်ကို ပြချင်တဲ့ အမေရိကန်အစိုးရရဲ့ ဆန္ဒကို ထင်ဟပ်စေတယ်လို့ အမေရိကန် အကြီးတန်း အရာရှိတွေက ပြောပါတယ်။

ပင်လယ်ကွေ့ဒေသက အာရပ်မဟာမိတ်တွေနဲ့ ကွဲအက်နေတဲ့ ဆက်ဆံရေးကို ပြန်ပြင်ဆင်ဖို့ ပိုကြိုးစားလာတဲ့ ထင်ရှားတဲ့ အားထုတ်မှုလို့ ရိုက်တာ သတင်းဌာနက သုံးသပ်ပါတယ်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့နောက် ရုရှားကို စီးပွားရေး ဒဏ်ခတ်ထားတဲ့ အနောက်နိုင်ငံတွေဟာ ရုရှားရဲ့ စွမ်းအင်ကို မှီခိုမှု ဖြတ်တောက် လျှော့ချဖို့ ပင်လယ်ကွေ့ ရေနံ ထုတ်လုပ်သူတွေနဲ့ ဆက်ဆံရေး တိုးတက်ဖို့ ဆန္ဒဟာ အရေးပေါ် အခြေအနေ ဖြစ်လာပါတယ်။

ပင်လယ်ကွေ့နိုင်ငံတွေကတော့ ယူကရိန်းပဋိပက္ခမှာ ဘက်လိုက်ဖို့ ငြင်းထားတာပါ။

ရေနံရောင်းချသူ နိုင်ငံများအသင်း အိုပက်ရဲ့ အဓိကနိုင်ငံတွေ ဖြစ်တဲ့ ဆော်ဒီအာရေဗျနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE တို့က ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှု ပိုမိုဆိုးရွား စေတဲ့ ရေနံစိမ်း စျေးနှုန်းတွေကို ထိန်းညှိပေးနိုင်ရေး ရေနံစိမ်းတွေ ပိုထုတ်လုပ်ပေးဖို့ တောင်းဆိုချက်ကို ငြင်းဆိုထားကြပါတယ်။

//
Up