close

မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်များ စမ်းသပ်ပစ်လွှတ်

မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည် တစင်းထက် မနည်းကို ပင်လယ်ထဲ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ဇွန် ၅ ရက်မှာ ပြောပါတယ်။

အမေရိကန်ထိပ်တန်း သံတမန်က တောင်ကိုရီးယားမြို့တော် ဆိုးလ်ကနေ ပြန်အပြီး နောက်နေ့မှာ အမျိုးအမည်မသိ ဒုံးကျည်ကို ခုလို ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီး အရာရှိချုပ်က ပြောပါတယ်။

လတ်တလော သီတင်းပတ်တွေအတွင်း မြောက်ကိုရီးယားဟာ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် (ICBM) အပါအဝင် ဒုံးကျည် အမျိုးမျိုးကို ပစ်လွှတ် စမ်းသပ်ခဲ့တာပါ။

၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံးအနေနဲ့ မြောက်ကိုရီးယားက နျူကလီးယား စမ်းသပ်ဖို့ ပြင်ဆင်နေတဲ့ လက္ခဏာတွေ ရှိနေတဲ့အတွက် အမေရိကန် အထူးကိုယ်စားလှယ် ဆုန်းကင်မ်ဟာ တောင်ကိုရီးယား သံတမန် ကင်မ်ဂန်း၊ ဂျပန် သံတမန် ဖှုနာ့ခိုရှိ တာ့ခဲဟိရိုတို့နဲ့ ဆိုးလ်မြို့တော်မှာ ဇွန် ၃ ရက်က အသီးသီး တွေ့ဆုံပြီး အခြေအနေ အားလုံးအတွက် ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ပါတယ်။

//
Up