close

မန္တလေးမြို့ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံး

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးဟာ  ဇွန်လ ၄ ရက် နေ့လယ် ၃ နာရီကျော်က သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး ဟာ နေအိမ်ရှေ့မှာ လမ်းလျှောက်နေစဥ် သေနတ်နဲ့ ပစ်ခံရတာဖြစ်ပြီး နေရာတင်သေဆုံးခဲ့တာဖြစ်တယ်လို့ သူနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် ဦးအောင်မိုးရဲ့ ဇနီးဖြစ်သူလည်း  ခြေထောက် ကျည်ဆန်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သူ့ကို ဘယ်အဖွဲ့က ဘာကြောင့် ပစ်ခတ်ခဲ့တာလဲဆိုတာကိုတော့ မသိရသေးပါဘူး။ 

တမ္ပဝတီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဟာ  ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းကလည်း ဓါးထိုးခံခဲ့ရပါသေးတယ်။ 

//
Up