close

တရုတ်တွင် မိုးသည်းပြီး ရေနစ်မြုပ်မှုကြောင့် ပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်း

တရုတ်နိုင်ငံမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး နေရာအနှံ့အပြားမှာ ရေနစ်မြုပ်လာခဲ့ပြီးနောက် ရေစီးရေလာကျဆင်းဖို့နဲ့ ရေဘေးသင့်ပြည်သူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးတာတွေ အပါအဝင် နိုင်ငံတဝန်းရှိ ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အရေးပေါ်တုံ့ပြန်ရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံတောင်ပိုင်းရှိ ရုံ(င်)ရွှေမြောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကောင်တီမှာ ဇွန် ၃ ရက်ကနေ ၅ ရက်နေ့အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သတိပေးချက်မျဥ်းထက် ကျော်လွန်ပြီးတော့ အမြင့်ဆုံး ရေလျှံခဲ့ပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တွင်းလမ်းတွေ ရေနစ်မြုပ်ခဲ့ပြီး မြေနိမ့်ပိုင်း လမ်းတချို့ ရေလွှမ်းခဲ့ပါတယ်။

ခရိုင်အတွင်းမှာ ရေတွေ ပြန်ကျဆင်းလာနေပြီး သောင်တူးတဲ့လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေသလို လမ်းတွေကိုလည်း မကြာခင် ပြန်ဖွင့်ဖို့ စီစဉ်ထားပါတယ်။

ကွမ်ရှီးပြည်နယ်ရှိ လိကျန်းမြစ်အနီးက ကျေးရွာတွေမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်တိုင်းဒဏ် ခံခဲ့ရပါတယ်။

တာ့ဝေမြို့နယ်ရှိ ရေမျက်နှာပြင်ဟာ ဇွန် ၅ ရက် ညနေ ၆ နာရီမှာ အနက်ရှိုင်းဆုံးနေရာဟာ ၂ မီတာကျော်အထိ သိသိသာသာ မြင့်တက်ခဲ့ပြီး အဲ့ဒီနေ့နှောင်းပိုင်းမှာတော့ ၁ ဒသမ ၃ မီတာလောက် ဆက်လက်ကျန်ရှိနေပါတယ်။

ရေနစ်မြုပ်နေတဲ့ ဒေသတွေမှာ ရေမျက်နှာပြင် တဖြည်းဖြည်း ကျဆင်းလာပြီး ဒေသဆိုင်ရာ အစိုးရတွေလည်း ရွှံ့နွံတွေရှင်းလင်းတာနဲ့ လူတွေကို နေရာရွှေ့ပြောင်းဖို့ အပြင်းအထန် လုပ်ဆောင်နေပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တရုတ်နိုင်ငံအလယ်ပိုင်း ဟူနန်ပြည်နယ် ရှင်းတန်မြို့နယ်ရှိ အဓိကလမ်းမကြီးတွေထဲက တခုဟာ ဇွန် ၅ ရက် ည ၉း၀၀ နာရီမှာ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အခင်းဖြစ်ပြီးနောက်မှာ ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာပြီး လမ်းတွေ ရှင်းလင်းပေးပြီး မော်တော်ယာဉ်တွေကို လမ်းညွှန်ပေးခဲ့ပါတယ်။

ဟူနန်ပြည်နယ် ချန်ကျိုးနယ်မြေရှိ ရေကြီးရေလျှံဒေသတွေက ရွာသားတွေကို ဒေသခံ မီးသတ်သမားတွေက ၁၁ နာရီကြာ ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ပြီး ဇွန် ၄ ရက်က ပိတ်မိနေတဲ့ ရွာသား ၆၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ နောက်ထပ် ၂၇၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

အဲဒီဒေသရှိ ရေတွေကို သန့်စင်ပြီးဖြစ်ကြောင်းနဲ့ အနီးနားရှိ မြစ်တွေမှာ ရေအဆင့်ဟာ သတိပေးချက်အဆင့်အောက် ကျဆင်းသွားပြီလို့ သိရပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံ အရှေ့မြောက်ဘက် လျောင်နင်းပြည်နယ်ရှိ မြို့အများအပြားမှာလည်း ဇွန် ၅ ရက် ၁၇ နာရီဝန်းကျင်လောက်က မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးသီးကြွေကျခဲ့တာ‌ကြောင့် ပြည်နယ်မိုးလေဝသက ဘေးအန္တရာယ် စောင့်ကြည့်ရေးနဲ့ ကြိုတင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လျောင်နင်းပြည်နယ်ရဲ့ မြို့တော် ရှန်းယန်မှာ ခဏတာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးတာနဲ့ မိုးသီးကြွေတာတွေ ရှိခဲ့ပါတယ်။ ဖူရှင်းမြို့ရဲ့ လမ်းအများအပြားမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇွန် ၅ ရက် မွန်းလွဲပိုင်းမှာတော့ အဲဒီမြို့နှစ်မြို့မှာ မိုးစဲခဲ့ပြီး ရေပြန်ကျခဲ့ပါတယ်။

//
Up