ကိုဗစ်ထောက်ပံငွေ လိမ်လည်မှုဖြင့် စွပ်စွဲခံရသည့် ဂျပန်နိုင်ငံသားအား အင်ဒိုနီးရှားက နေရပ်ပြန်ပို့

အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ ကိုဗစ်-၁၉ အမတော်ကြေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကို လိမ်လည်ရယူမှုခဲ့မှုနဲ့ စွပ်စွဲခံထားရတဲ့ ဂျပန်နိုင်ငံသား မစ်ဆုဟိရို တာနိငုချိကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဇွန် ၂၂ ရက်မှာ ဂျပန်နိုင်ငံဆီ ပြန်ပို့လိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ဂျပန်အမျိုးသားဟာ သူ့မိသားစုနဲ့အတူ အစိုးရ အမတော်ကြေး အစီအစဉ်အတွက် ထောင်ချီတဲ့ လျှောက်လွှာအတုတွေ တင်သွင်းခဲ့ပြီး ငွေလိမ်ခဲ့ကာ အဲဒီနောက် ဂျပန်ယန်းငွေ သန်း ၉၆၀ ကျော်ကို ရယူပြီး အင်ဒိုနီးရှားမှာ ငါးမွေးမြူရေးလုပ်ငန်း စတင်ဖို့ ငွေတွေကို သုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
တာနိငုချိဟာ ၂၀၂၀ အောက်တိုဘာမှာ ဂျပန်နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူဖြစ်ပြီး သူ့ကို ဂျပန်ရဲတပ်ဖွဲ့ကလည်း အလိုရှိနေခဲ့တာဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာတော့ ဂျပန်အစိုးရက သူ့နိုင်ငံကူးလက်မှတ်ကို ပြန်ရုပ်သိမ်းခဲ့အပြီး အင်ဒိုနီးရှား အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ သူ့ကို ဖမ်းခဲ့ပါတယ်။