close

နယူးကာဆယ်အသင်း တတိယဂျာစီဝတ်စုံကို ပရိသတ်များဝေဖန်

နယူးကာဆယ်အသင်းဟာ တတိယဂျာစီဝတ်စုံကို မိတ်ဆက်ခဲ့ရာမှာ အစိမ်းရောင်လိုင်းတွေ ပါဝင်လာခဲ့တဲ့အတွက် ပရိသတ်တွေက ဝေဖန်နေပါတယ်။

နယူးကာဆယ်အသင်းဟာ အဖြူနဲ့အနက်ရောင်ကို ပေါင်းစပ်ဝတ်ဆင်တဲ့အသင်းဖြစ်ပြီး ဆော်ဒီကျောထောက်နောက်ခံ အသင်းပိုင်ရှင်တွေ ရောက်လာမှ အစိမ်းရောင်တွေ ထည့်သွင်းခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့တာပါ။

နယူးကာဆယ်အသင်းရဲ့ တတိယဂျာစီဝတ်စုံဒီဇိုင်းဟာ အဖြူပေါ်မှာ အစိမ်းရောင်လည်စည်းနဲ့ လက်မောင်းစည်းတွေပါဝင်ပြီး အသင်းလိုဂိုနဲ့ စပွန်ဆာတွေကိုလည်း အစိမ်းရောင်ကို အသုံးပြုထားတာပါ။

ဒါဟာ ဆော်ဒီနိုင်ငံရဲ့ အခြေခံအရောင်ဖြစ်တဲ့ အစိမ်းရောင်ကို အသားပေးထားပြီး အသင်းရဲ့ အမှတ်တံဆိပ်နဲ့ ကိုယ်ပိုင်လက္ခဏာပေါ်မှာ ဆော်ဒီနိုင်ငံရဲ့အရောင်တွေ ရောစပ်ထားတာဟာ မဖြစ်သင့်ကြောင်း နယူးကာဆယ် ပရိသတ်တဦးက ဝေဖန်ပါတယ်။

တခြားပရိသတ်တဦးကတော့ အသင်းရဲ့ တတိယဝတ်စုံပေါ်မှာ ဆော်ဒီအာရေဗျ လက်ရွေးစင်အသင်း ဝတ်စုံကိုပဲ မြင်နေရပြီး အသင်းရဲ့ အစစ်အမှန်ဝတ်စုံက ဘယ်မှာလဲလို့ မေးခွန်းထုတ်ခဲ့ပါတယ်။

ဆော်ဒီနိုင်ငံ ဘောလုံးအသင်းဝတ်စုံဟာလည်း အစိမ်းနဲ့အဖြူကို ပေါင်းစပ်ထားတာပါ။

နယူးကာဆယ်အသင်းကို ဆော်ဒီအိမ်ရှေ့မင်းသား ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေတဲ့ ပြည်သူ့ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့က ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ထားပါတယ်။

//
Up