close

ဘိုင်ယန်တောင်ပံတိုက်စစ်မှူး နာဘရီကို မန်ချက်စတာနှစ်သင်းစလုံးက ခေါ်ယူရန် အပြိုင်ကြိုးပမ်း

မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်ယူနိုက်တက်နဲ့ မန်စီးတီးအသင်းတို့ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး နာဘရီကိုခေါ်ယူဖို့ အပြိုင်စီစဉ်နေပါတယ်။

နာဘရီဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ် တနှစ်သာကျန်ရှိတော့ပြီး အသင်းကနေထွက်ခွါဖို့ ရှိနေကာ အသင်းဟောင်းအာဆင်နယ်နဲ့ သတင်းစတင်ထွက်ပေါ်ခဲ့ပေမဲ့ လက်ရှိမှာတော့ မန် ချက်စတာမြို့ခံ နှစ်သင်းစလုံးကလည်း ခေါ်ယူဖို့ စီစဉ်လာခဲ့ကြောင်း The Sun သတင်းစာက ရေးပါတယ်။

မန်ယူအသင်းနည်းပြတန်ဟတ်ဂ်ဟာ လူစာရင်းကို အင်အားဖြည့်တင်းဖို့အတွက် နာဘရီကို ခေါ်ယူလိုနေပြီး မန်စီးတီးအသင်းဟာလည်း စတာလင်ကို ချဲလ်ဆီးအသင်းဆီရောင်းချဖို့ရှိတာ ကြောင့် နာဘရီနဲ့ အစားထိုးဖို့ ဆန္ဒရှိနေတာပါ။

အသက်၂၆ နှစ်ရှိ ဂျာမန်လက်ရွေးစင် နာဘရီကို ဘိုင်ယန်အသင်းက တစ်ပတ်လုပ်ခပေါင် ၂ သိန်းနဲ့  စာချုပ်သက်တမ်းတိုးလိုပေမဲ့ နာဘရီကိုယ်တိုင်က ပယ်ချထားတာပါ။  နာဘရီကို ခေါ်ယူမယ်ဆိုရင် ပေါင် ၃၅ သန်းလောက် ပေးချေရနိုင်တယ်လို့ သိရပါတယ်။

//
Up