close

ဂျူဗင်တပ်ဂျာစီဝတ်ပြီး ပွဲစတင်ကစားရန် မစောင့်နိုင်တော့ဟု ပေါ့ဘာပြော

ဂျူဗင်တပ်အသင်းရဲ့ ဂျာစီဝတ်ပြီး ပွဲစတင်ကစားဖို့ မစောင့်နိုင်တော့ကြောင်း ကွင်းလယ်လူပေါ့ဘာက ပြောပါတယ်။

ပြင်သစ်ကွင်းလယ်လူဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက်မှာ အသင်းဟောင်းဂျူဗင်တပ်အသင်းဆီကို တစ်ကျော့ပြန်ပြောင်းရွှေ့ခဲ့တာပါ။

စနေနေမှာ အသင်းနဲ့ ဆေးစစ်မှုတွေပြုလုပ်မှာဖြစ်ပြီး သောကြာနေ့က အသင်းကို ရောက်ရှိလာတဲ့ပေါ့ဘာကို ဂျူဗင်တပ် ပရိသတ်တွေကလည်း ကြိုဆိုခဲ့ကြပါတယ်။ 

“ကျနော်ဒီကိုပြန်လာပါပြီ။ အလွန်ပျော်ပါတယ်။ ဂျူဗီဂျာစီကို နောက်တစ်ကြိမ်ဝတ်ဆင်ပြီး ပွဲစတင်ကစားဖို့မစောင့်နိုင်တော့ပါဘူး” လို့ အသင်းရဲ့  တွစ်တာစာမျက်မှာကနေတဆင့် ပေါ့ဘာက အသိပေးခဲ့ပါတယ်။ 

အသက် ၂၉ နှစ်ရှိ ပေါ့ဘာဟာ ၂၀၁၂ ခုနှစ်ကလည်း ပြောင်းရွှေ့ကြေးအလွတ်နဲ့ မန်ယူအသင်းကနေ ဂျူဗင်တပ်အသင်းဆီပြောင်းရွှေ့ခဲ့ဖူးပြီး ဒုတိယအကြိမ်အလားတူပြောင်းရွှေ့ခဲ့တာပါ။

သူဟာ ၂၀၁၂ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ ဂျူဗင်တပ်အသင်းအတွက် ၁၇၈ ပွဲကစားခဲ့ပြီး ၃၄ ဂိုးသွင်းယူပေးခဲ့ပါတယ်။

မန်ယူအသင်းမှာတော့ ပြီးခဲ့တဲ့ရာသီအထိ စုစုပေါင်း ၂၂၆ ပွဲမှာ ဂိုး ၄ဝ သွင်းယူနိုင်ခဲ့ပါတယ်။ 

//
Up