close

ဂျေဆုဟာ စိတ်အားထက်သန်မှုတွေ ယူဆောင်လာခဲ့သူလို့ အာတီတာ ချီးကျူး

တိုက်စစ်မှူးသစ်ဂါဘရီယယ်ဂျေဆုဟာ အသင်းဆီကို စိတ်အားထက်သန်မှုတွေယူဆောင်လာခဲ့ သူဖြစ်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာကချီးကျူးပါတယ်။

အာဆင်နယ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဂျာမန်ကလပ် နုရင်ဘက်နဲ့ ပွဲစဉ်မှာ ပထမပိုင်းမှာ ၂ ဂိုး ပြတ်နဲ့ရူံးနိမ့်နေပေမဲ့  ဒုတိယပိုင်းမှာ ၅ ဂိုးသွင်းပြီး ၅ ဂိုး ၃ ဂိုးနဲ့ နိုင်ပွဲပြန်ယူခဲ့တာပါ။

အဲဒီပွဲစဉ်မှာ ဒုတိယပိုင်းရောက်မှ လူစားဝင် ကစားခဲ့တဲ့ ဂျေဆုက အနိုင်ဂိုး ၂ ဂိုးသွင်းခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်းပြုလုပ်နိုင်ခဲ့ပြီး ပွဲဦးထွက်ပွဲစဉ်မှာပဲ ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။

နည်းပြအာတီတာကတော့ ဂျေဆုဟာ ကွဲပြားခြားနားတဲ့စိတ်ဆန္ဒနဲ့ စိတ်အားထက်သန်မှုတွေကို ယူဆောင်ပေးနိုင်ပြီး အသင်းအတွက် အလွန်ကောင်းမွန်တဲ့အချက်ဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။ 

“သူ့မှာ အဲဒီလိုအရည်အချင်းတွေရှိတာကြောင့်လည်း ကျနော်တိ့ ခေါ်ယူခဲ့တာပေါ့။ ဂိုးသွင်းသွားပုံတွေက သူ့ရဲ့ယုံကြည်မှုကိုမြင်နိုင်ပြီး ကျနော်တို့ရဲ့ကစားပုံအပေါ်ယုံကြည် တာကလည်း အမှန်တကယ်အရေးကြီးပါတယ်။ သူဟာ အသင်းနဲ့အတူအတော်လေးအံဝင်အောင်က စားနိုင်ခဲ့တယ်” လို့နည်းပြအာတီတာက ချီးကျူးပါတယ်။

နုရင်ဘက်နဲ့ ခြေစမ်းပွဲမှာ နောက်ခံလူ တီယာနေးလ်ကို မိနစ် ၃ဝ လောက်မှာ လူစားလဲခဲ့ပေမယ့် ဒဏ်ရာပြဿနာရှိလို့မဟုတ်ဘဲ ၃ လလောက် အနားယူခဲ့ရတဲ့အတွက် မိနစ်အများကြီး အသုံးမပြုချင်တာကြောင့်ဖြစ်ကြောင်း အာတီတာက ရှင်းပြသွားပါတယ်။

//
Up