close

မြစ်ကြီးနားအခြေစိုက် စစ်ကောင်စီတပ်ရင်း ၂၁ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီတပ်ရင်း ၂၁ ထဲကို ဇူလိုင် ၁၂ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) အနီး လေယာဉ်ကွင်း အနောက်ဘက်ရှိ တပ်ရင်း ၂၁ အတွင်းကို လက်နက်ကြီးနဲ့ ၆ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “လက်နက်ကြီးသံ ၆ ချက်လောက်ကြားတယ်။ ဝန်ထမ်းတွေနေတဲ့ဘက်ကိုလည်း ကျတယ်လို့ သိရတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တပ်ထဲမှာ ရှေ့တန်းပြန် ဒဏ်ရာရထားတဲ့ရဲဘော်တွေ ရှိနေပြီး သူတို့နေထိုင်ရာ တန်းလျားဘက်ကို ကျ‌ရောက်ပေါက်ကွဲတဲ့အတွက် ထိခိုက်သေဆုံးတာတွေ ရှိနိုင်ပေမဲ့ အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်  ဆိုတာကိုတော့ ဒေသခံတွေက မသိရှိသေးဘူးလို့ ပြောပါတယ်။

//
Up