close

အီတလီကလပ် မွန်ဇာအသင်းသို့ ပြောင်းရွှေ့ရန် ကာဗာနီ ဆွေးနွေး

မန်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ကာဗာနီဟာ အီတလီစီးရီးအေ တန်းတက်ကလပ် မွန်ဇာအသင်းဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးနေပါတယ်။

အသက် ၃၅ နှစ်ရှိ ဥရုဂွေးတိုက်စစ်မှူးဟာ မနှစ်ကအထိ မန်ယူအသင်းမှာ ကစားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေတာပါ။

လက်ရှိအချိန်မှာတော့ အီတလီစီးရီးအေကို ပြန်သွားဖို့ရှိနေပြီး တန်းတက်ကလပ် မွန်ဇာအသင်းက ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ စကိုင်းစပေါ့အီတလီယာက ဖော်ပြပါတယ်။

မွန်ဇာအသင်းဟာ မနှစ်က စီးရီးဘီမှာ အဆင့် ၄ ပဲ ရခဲ့ပေမဲ့ ပလေးအော့ဖ်အဆင့်တွေမှာ အနိုင်ရခဲ့လို့ ပထမဆုံးအကြိမ် အီတလီ အမြင့်ဆုံးလိဂ်မှာ ယှဉ်ပြိုင်ခွင့်ရတော့မှာပါ။

ကာဗာနီကိုခေါ်ယူဖို့ လုပ်ဆောင်နေတဲ့အကြောင်း မွန်ဇာအသင်း ဒါရိုက်တာ ဂယ်လီယန်နီက အတည်ပြုထားပြီး အပြီးသတ်ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

ကာဗာနီဟာ အီတလီကလပ်တွေဖြစ်တဲ့ ပါလာမိုနဲ့ နာပိုလီအသင်းတွေမှာ ပွဲပေါင်း ၁၅ဝ ကျော် ကစားခဲ့ပြီး ဂိုး ၁၀၀ ကျော် သွင်းယူခဲ့ပါတယ်။

//
Up