close

ချဲလ်ဆီးအသင်းနှင့် အောင်မြင်မှုများ ထပ်ယူချင်ဟု စတာလင်ပြော

ချဲလ်ဆီးအသင်းနဲ့အတူ အောင်မြင်မှုတွေ ထပ်ပြီး ရယူချင်တယ်လို့   ကစားသမားသစ် စတာလင်က ပြောပါတယ်။

ကစားသမားဘဝတလျှောက် အောင်မြင်မှုတွေ ရရှိခဲ့ပြီးသားဖြစ်ပေမဲ့ နည်းပြတူချယ်ရဲ့ လက်အောက်မှာ ချဲလ်ဆီးအသင်းနဲ့အတူ နောက်ထပ် အောင်မြင်မှုတွေ ရယူသွားချင်တယ်လို့ အသင်းနဲ့အတူ စာချုပ်ချုပ်ဆိုအပြီးမှာ စတာလင်က ပြောပါတယ်။

လန်ဒန်က မွေးရပ်မြေဖြစ်တာကြောင့် မိတ်ဆွေသူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေရှေ့မှာ အပတ်စဉ် ကစားခွင့်ရတော့မှာက စိတ်လှုပ်ရှားစရာကောင်းကြောင်းလည်း စတာလင်က ပြောပါတယ်။

အင်္ဂလန်တိုက်စစ်မှူးစတာလင်ဟာ  မန်စီးတီးကနေ ပေါင်သန်း ၅၀ နဲ့ ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။

အသက် ၂၇ နှစ်ရှိ စတာလင်ကို ချဲလ်ဆီးအသင်းက ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး မန်စီးတီးမှာ ရရှိခဲ့တဲ့ တပတ်လုပ်ခ ပေါင် ၃၀၀,၀၀၀ ထက်ပိုများတဲ့ လုပ်ခလစာ ရရှိမယ်လို့ သိရပါတယ်။

လန်ဒန်မြို့ ဇာတိဖြစ်သူ စတာလင်ဟာ လီဗာပူးနဲ့ ကစားသမားဘဝ စတင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ ပြီးခဲ့တဲ့ရာသီအထိ မန်စီးတီးမှာ ပြောင်းရွှေ့ကစားခဲ့တာ ဖြစ်ပါတယ်။

//
Up