မန်စီးတီးနှင့် လီဗာပူးကို ယှဉ်နိုင်မည့်အသင်း မရှိသေးဟု ရွိင်ကိန်း သုံးသပ်

5
လာမယ့်ဘောလုံးရာသီမှာ မန်စီးတီးနဲ့ လီဗာပူးအသင်းတွေကို ယှဉ်နိုင်မယ့်အသင်း ရှိလာဦးမှာ မဟုတ်ကြောင်း မန်ယူဂန္ထဝင်ကစားသမား ရွိုင်ကိန်းက သုံးသပ်ပြောပါတယ်။
အခုနှစ်အပြောင်းအရွှေ့မှာ စပါး၊ ချဲလ်ဆီးနဲ့ အာဆင်နယ်အသင်းတွေက ကစားသမားသစ်တွေနဲ့အတူ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ထားပေမဲ့ မန်စီးတီးနဲ့ လီဗာပူးကို လိုက်မီဖို့ မဖြစ်နိုင်သေးကြောင်း ရွိုင်ကိန်းက ပြောပါတယ်။
အထူးသဖြင့် မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာလို ကမ္ဘာ့အကောင်းဆုံးနည်းပြလည်း ရှိသလို ဟာလန်းလို တိုက်စစ်မှူးကို ခေါ်ယူခဲ့တာကြောင့် ပိုပြီးတိုးတက်လာမယ်လို့ ရွိုင်ကိန်းက ပြောပါတယ်။
အသင်းဟောင်း မန်ယူအသင်းနဲ့ ပတ်သက်ပြီး သုံးသပ်ရာမှာတော့ နည်းပြတန်ဟတ်ဂ်ဘက်က ကစားသမားသစ်တွေ ခေါ်ယူမယ်ဆိုတာ သံသယဖြစ်စရာ မရှိပေမဲ့ လီဗာပူးနဲ့ မန်စီးတီးကို ယှဉ်နိုင်ဖို့ မဖြစ်နိုင်သေးကြောင်း သုံးသပ်သွားပါတယ်။