စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သမ္မတ ကြီးကြပ်

ထိုင်ဝမ်သမ္မတ ချိုင်အင်းဝမ်ဟာ တရုတ်နဲ့ တင်းမာနေတဲ့ကြားက ဇူလိုင် ၂၆ ရက်က စစ်ရေးလေ့ကျင့်မှုကို ရေတပ်ဖျက်သင်္ဘောပေါ် ကနေ သွားရောက်ကြီးကြပ်ခဲ့ပါတယ်။
ဒါဟာ သူ့ရဲ့ သမ္မတရာထူးသက်တမ်း ခြောက်နှစ်အတွင်း ဒုတိယအကြိမ်ပါ။
တရုတ်ရဲ့ စစ်ရေးဖိအားတွေ မြင့်တက်နေချိန်မှာ ကျွန်းကိုကာကွယ်မယ့် စစ်တပ်ရဲ့ ဆုံးဖြတ်ချက်ကို ချိုင်က ချီးကျူးခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ နှစ်စဉ်ကျင်းပနေကျ ဟန်ကွမ်း (Han Kuang) စစ်ရေးလေ့ကျင့်မှုရဲ့ တစိတ်တပိုင်း အနေနဲ့ လေ့ကျင့်နေတာပါ။
ဖရီးဂိတ်စစ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ အပါအဝင် စစ်သင်္ဘောအစင်း ၂၀ ဟာ ထိုင်ဝမ်အရှေ့မြောက်ဘက် ကမ်းရိုးတန်းကနေ ကျူးကျော်ဝင်ရောက်လာမယ့် အင်အားကို ကြားဖြတ်တိုက်ခိုက်ဖို့ အမြောက်တွေ၊ F-16 တိုက်လေယာဉ်တွေနဲ့ ပြည်တွင်းထုတ် Ching-kuo တိုက်လေယာဉ်တွေ ပျံတက်လေ့ကျင့်ခဲ့ပါတယ်။
တရုတ်စစ်တပ်ကို ထိပ်တိုက်တွေ့ဖို့ ထိုင်ဝမ်ရဲ့ ကြိုးစားမှုဟာ ကျဆုံးမှာပဲလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ကျောက်လိကျန်းက သတင်းထောက်တွေကို ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့ သင်းကွဲပြည်နယ်အဖြစ် သဘောထားပြီး သူ့လက်အောက် ပြန်ရောက်ဖို့ အင်အားသုံးရေး တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကလည်း တရုတ်ပြည်မကြီး အစိုးရရဲ့ အချုပ်အခြာ ကြေညာချက်ကို ပယ်ချပြီး လွတ်လပ်ရေးနဲ့ ဒီမိုကရေစီကို ကာကွယ်သွားမယ်လို့ ကတိပြု ထားပါတယ်။