close

ထီးချိုင့်မြို့တွင် ရဲတပ်သား ၁ ဦး ဓားထိုးခံရပြီး သေဆုံး

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ မြောက်ပြင်ဘက်အထွက်က စစ်ဆေးရေး‌ဂိတ်မှာ ဇူလိုင် ၃၁ ရက် ညနေပိုင်းက ရဲတပ်သား တယောက်  ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်သားဟာ ထီးချိုင့်မြို့နယ်ရဲစခန်းက နိုင်မင်းထွန်းဖြစ်ပြီး  ဆိုင်ကယ်စီးလာသူ နှစ်ယောက်က ဓားနဲ့ထိုးသတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆိုင်ကယ်နဲ့လာပြီး ဓားနဲ့ထိုးသွားတယ်။ လာသမျှယာဥ်ကို အဲ့ဒီဂိတ်က ရစ်ပြီး‌ ငွေတောင်းနေတာများပြီ။ အသတ်ခံရပြီး စစ်တပ်နဲ့ ရဲတွေရောက်လာပြီး အလောင်းသယ်သွားတယ် " လို့ ထီးချိုင့် ဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ ရဲတပ်သား အသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့တွေ မြို့တွင်း ၊ မြို့ပြင်မှာ စစ်ဆေးတာတွေအပြင် အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်‌တာ ရှိတယ်လို့ သိရပါတယ်။

‌ဇူလိုင်လ ၂၈ ရက်ကလည်  အင်းတော်မြို့နယ် ကျောင်းကုန်းဘက်ကနေ ထီးချိုင့်မြို့အတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

//
Up