close

တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၃၇ ဦး ထပ်မံတွေ့ရှိ

တရုတ်နိုင်ငံမှာ ဩဂုတ် ၆ ရက်က ပြည်တွင်းမှာတင် ကူးစက်တဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူအသစ် ၃၃၇ ယောက် ရှိထားပြီး ပြည်ပကနေ ရောက်လာတဲ့ အသစ်ကူးစက်ခံ ၅၃ ဦးရှိတယ်လို့ အမျိုးသားကျန်းမာရေး ကော်မရှင်က ဩဂုတ် ၇ ရက်က ထုတ်ပြန်ပါတယ်။

ဒေသတွင်း အသစ်ကူးစက်ခံရသူတွေထဲ ဟိုင်နန်ပြည်နယ်မှာ ၂၉၇ ယောက်၊ အတွင်းမွန်ဂိုလီးယားနဲ့ ကွမ်တုံပြည်နယ်တို့မှာ ၁၂ ယောက်စီ၊ ချုံချင်းပြည်နယ်မှာ ၅ ယောက်၊ ကျဲ့ကျန်းနဲ့ ကွမ်းရှီး ပြည်နယ်တွေမှာ ၃ ယောက်စီ၊ ဘေဂျင်း၊ ကျန်းစု။ ဟီနန်၊ ဟူနန်နဲ့ ကွေ့ကျိုးပြည်နယ်တွေမှာ တယောက်စီ ပါတယ်လို့ ကော်မရှင်က ပြောပါတယ်။

ပြင်ပကနေ ကူးစက်ပြီး ရောက်လာတဲ့ ကူးစက်ခံတွေကတော့ ကွမ်တုံပြည်နယ်မှာ ၁၉ ယောက်၊ ဘေကျင်းမြို့မှာ ၁၀ ယောက်၊ ဖှုကျန်းမြို့မှာ ၈ ယောက်၊ ရှန်တုံးနဲ့ စီချွမ်ပြည်နယ်တွေမှာ ၄ ယောက်စီ၊ ရှန်ဟိုင်းမြို့မှာ ၃ ယောက်၊ ကျန်စုပြည်နယ်မှာ ၂ ယောက်၊ ဟေလောင်ကျန်း၊ ကျဲ့ကျန်းနဲ့ ချုံချင်းမှာ တယောက်စီ ရှိနေတယ်လို့ ဆိုပါတယ်။ 

ပြည်တွင်းကူးစက်ခံ စုစုပေါင်း ၂၉ ယောက်နဲ့ ပြင်ပကူးစက်ခံ ၆ ယောက်တို့ဟာ ရောဂါလက္ခဏာ မပြဘဲ အတည်ပြုလူနာတွေအဖြစ် အမျိုးအစား ပြန်ခွဲထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရလို့ သေဆုံးသူအသစ် ဒါမှမဟုတ် နောက်ထပ်သံသယ လူနာတွေ ထပ်တွေ့ မထားဘူးလို့ ကော်မရှင်က ပြောပါတယ်။ 

//
Up