close

ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေလည်မော်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရေလည်မော်ကျေးရွာကို စစ်ကောင်စီတပ်က ဩဂုတ် ၈ ရက် ညနေ ၄ နာရီက အကြမ်းဖက်မီးရှို့ခဲ့တာကြောင့်လူနေအိမ် ၅ လုံး ၊ နွားစာတဲ ၂ လုံး)နဲ့ မီးဖိုဆောင် ၃ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မနေ့ ညနေ ၄ နာရီလောက်မှာ စစ်ကောင်စီတပ်ဟာ ဧရာဝတီမြစ်အရှေ့ဘက်ကမ်း ရွာသာရွာကနေ ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေလည်မော်ကျေးရွာကို  စက်လှေငယ် နှစ်စီးနဲ့ရောက်ရှိလာတာ ဖြစ်ပါတယ်။

စစ်ကောင်စီအင်အား ၂၅ ယောက်ထဲက  ၁၂ ယောက်လောက်က  ကျေးရွာထဲသို့ဝင်ရောက်ကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး အရှေ့ဘက်ကမ်းသို့ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဝက်လက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့(Tiger King )က  ပြောပါတယ်။

စစ်ကောင်စီတပ်တွေ အဆိုပါကျေးရွာကိုဝင်ရောက် အကြမ်းဖက် မီးရှို့စဉ်အချိန် ရွာထဲမှာ ပြည်သူတချို့ ပိတ်မိနေခဲ့ပေမဲ့ ရွာသားတွေ ဘေးကင်းတယ်လို့ သိရပါတယ်။ 

ဝက်လက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့(Tiger King) တာဝန်ရှိသူတဦးက “ပြည်သူတွေ ဘေးကင်းပါတယ်ဗျ။ အခုတော့ ကျနော်တို့နဲ့အတူ မီးဝိုင်းငြှိမ်းနေပါတယ်။ မီးကတော့နိုင်ပါပြီ။ ဆက်လက်ငြှိမ်းသတ်နေတုန်းပါဗျ။ အောက်မှာ စုပုံပြီးလောင်နေတဲ့ လောင်စာတွေနဲ့ အမြင့်မှာရှိတဲ့ တိုင်တွေလောက်ပဲရှိပါတော့တယ်ဗျ။ နဘေးကို ကူးစက်ဖို့တော့ မဖြစ်နိုင်တော့ပါဘူး” လို့ ပြောပါတယ်။ 

မီးလောင်မှုကို ရွာသားတွေနဲ့အတူ  ပြည်သူ့ကာကွယ်ရေးတပ်တွေဖြစ်တဲ့ တပ်ရင်း ၁၅ (Tiger King) ၊ တပ်ရင်း ၂၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနဲ့ တခြားမဟာမိတ်တပ်ဖွဲ့တွေ၊ နယ်မြေခံ ပကဖအဖွဲ့တွေက  ည ၇ နာရီခွဲအထိ မီးကူညီငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။

//
Up