close

ခရိုင်းမီးယားကျွန်းဆွယ်ရှိ လေတပ်စခန်းတွင် ခဲယမ်းမီးကျောက်များပေါက်ကွဲပြီး ၁ ဦးသေဆုံး

ရုရှားထိန်းချုပ်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်ပေါ် ဆာကီဒေသက စစ်ဘက်လေတပ်စခန်းတခုမှာ သြဂုတ် ၉ ရက်က လေကြောင်းသုံး ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲမှုကြောင့် လူတဦး သေဆုံးခဲ့တယ်လို့ ခရိုင်းမီးယား အုပ်ချုပ်မှုအကြီးအကဲက လူမှုမီဒီယာပေါ်ကနေ ပြောလိုက်ပါတယ်။

လူနာတင်ယာဉ် အလုံအလောက်ရှိပြီး အစားအသောက်တွေ ပေးနေသလို ကာကွယ်ရေး ဝန်ကြီးဌာနက လုပ်ဖော်ကိုင်ဘက်တွေကိုလည်း အကူအညီ အပြည့်အဝ ပေးနေတယ်လို့ ပြောပါတယ်။

အခု အခြေအနေကို ထိန်းနိုင်သွားပြီး ပေါက်ကွဲတဲ့နေရာမှာ ပျက်စီးဆုံးရှုံးမှုပမာဏကို အကဲဖြတ်နေတယ်လို့ သူက ပြောခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတော့ ပေါက်ကွဲမှုဟာ လေကြောင်း ခဲယမ်းမီးကျောက်တွေ ပေါက်ကွဲတာကြောင့်ဖြစ်ပြီး ဘယ်လိုတိုက်ခိုက်မှုကြောင့်မှ မဟုတ်ဘူးလို့ ပြောပါတယ်။

အသေအပျောက် မရှိသလို စစ်ဘက်ဆိုင်ရာ ကိရိယာတွေ ထိခိုက်ပျက်စီးမှုလည်း မရှိခဲ့ဘူးလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားပြီး ရုရှားအခြေစိုက် ရီယာ နိုဗိုစတီ သတင်းဌာနက အစောပိုင်းမှာ ပြောခဲ့ပါတယ်။

//
Up