close

ပီရူး၌ ဒဏ်ငွေ မဆောင်လိုသည့် ယာဉ်မောင်း ဘတ်စ်ကားကို မီးရှို့

ပီရူးနိုင်ငံမှာ အဆင်အခြင်မဲ့ ဘတ်စ်ကား ဒရိုင်ဘာ တစ်ဦးဟာ သြဂုတ် ၁၁ ရက်က မြို့တော် လီမာမှာ ယာဉ်ထိန်းရဲအရာရှိတွေကို ကျော်လွန်ပြီး မောင်းပြေးဖို့ ကြိုးစားခဲ့တဲ့အပြင် ဒဏ်ငွေ ဆောင်ရမှာကိုလည်း ရှောင်ရှားနိုင်ဖို့ သူ့ရဲ့ဘတ်စ်ကားကို မီးတင်ရှို့ခဲ့ပါတယ်။ 

အမျိုးသားရဲတပ်ဖွဲ့နဲ့ လီမာ နဲ့ Callao မြို့ပြသယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးရာမှာ ယာဉ်မောင်းဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လိုင်စင်မဲ့ လုပ်ကိုင်နေတာကို ဖမ်းမိခဲ့ပါတယ်။ 

ခရီးသည်တွေကို တင်ဆောင်လာတဲ့ ဘတ်စ်ကားဟာ ဒဏ်ရိုက်ခံရတာကို ရှောင်ဖို့ အရှိန်တင်ပြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်တွေနဲ့ ရဲတွေကို ကျော်လွန်မောင်းနှင်ခဲ့တာပါ။

 နောက်ဆုံးမှာတော့ ယာဉ်မောင်းကို ဆွဲထုတ်လိုက်တဲ့အခါမှာ သူက ဘတ်စ်ကားကို မီးတင်ရှို့ခဲ့တာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရပါတယ်။ 

//
Up