ရုရှားသိမ်းထားသည့် နျူဓာတ်အားပေးစက်ရုံကို မကာကွယ်ပါက အကြမ်းဖက်ဝါဒ အနိုင်ရမည်ဟု ယူကရိန်းသမ္မတပြော

5
ယူကရိန်းနိုင်ငံမှာ ရုရှားကသိမ်းပိုက်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ နျူကလီးယား ဓာတ်အားပေး စက်ရုံကို ကာကွယ်ဖို့ နိုင်ငံတကာက ဘာမှမဆောင်ရွက်နိုင်တော့ဘူးဆိုရင် အကြမ်းဖက်ဝါဒက အနိုင်ရသွားလိမ့်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဩဂုတ် ၁၅ ရက်မှာ ပြောပါတယ်။
“နျူကလီးယား စက်ရုံတရုံကို ကာကွယ်ဖို့တောင် ကမ္ဘာကြီးမှာ အစွမ်းအစနဲ့ ဆုံးဖြတ်ချက် မရှိဘူး ဖြစ်နေတာ ကမ္ဘာကြီးဟာ ရှုံးနိမ့်နေပြီဆိုတာ ပြနေတာပဲ” လို့ ဇလန်းစကီးက ပြောပါတယ်။
ဥရောပရဲ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေးစက်ရုံကို ရုရှားက ဖေဖော်ဝါရီလမှာ စစ်ဆင်ရေးစတင်ပြီး မကြာခင် သိမ်းယူထားတာ ဖြစ်ပါတယ်။
အရင်တပတ်က ဓာတ်အားပေးစက်ရုံအနီးမှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ယူုကရိန်းနဲ့ ရုရှားတို့ဟာ တဖက်နဲ့တဖက် အပြန်အလှန် အပြစ်တင် စွပ်စွဲနေကြပါတယ်။