close

တမူးမြို့ တရားရုံးရှေ့ ဗုံးပေါက်

စစ်ကိုင်းတိုင်း၊ တမူးမြို၊ စန္ဒကူးရပ်ကွက် အလောင်းဘုရားလမ်းပေါ်ရှိ မြို့နယ်နဲ့ ခရိုင် တရားရုံးရှေ့မှာ  သြဂုတ် ၂၀ ရက် ညနေ ၆ နာရီလောက်က ဗုံးပေါက်ကွဲခဲ့တယ်လို ဒေသခံ တွေက ပြောပါတယ်။ 

ဒေသခံ တဦးက "ဗုံးပေါက်တာ လူ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူး။ လူသွားလမ်း နည်းနည်း ပျက်စီးသွားတယ် " လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာတော့ ဒီဗွီဘီအနေနဲ့ သီးခြား  အတည်မပြုနိုင်သေးသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ထုတ်ပြန်တာ မရှိသေးပါဘူး။

ဇူလိုင် ၁၆ ရက် မနက်ပိုင်းကလည်း တမူးမြို့တရားရုံးဝန်းအတွင်း ဗုံးပေါက်ကွဲခဲ့ကာ အဆောက်အအုံ တချို့အနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့ပါသေးတယ်။

လတ်တလော တမူးမြို့နယ်အတွင်း စစ်ရေး တင်းမာနေတာကြောင့် ဒေသခံတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ ဘေးလွတ်ရာမှာ နေထိုင်ကြဖို့ တမူး PDF က အသိပေးထားပါတယ်။

//
Up