close

စစ်ပွဲကြားက ယူကရိန်းဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်

ယူကရိန်းနဲ့ ရုရှားစစ်ပွဲကြားမှာ ယူကရိန်းပြည်တွင်းဘောလုံးလိဂ်ပြိုင်ပွဲ ပြန်လည်စတင်ခဲ့တဲ့အပေါ် အာဆင်နယ်ကစားသမား ဇင်ချန်ကိုက ကြိုဆိုကြောင်းပြောပါတယ်။

ဇင်ချန်ကိုဟာ ယူကရိန်းလက်ရွေးစင် စီနီယာ ကစားသမားတွေထဲကတယောက် ဖြစ်ပြီး နိုင်ငံပုံမှန်အခြေအနေ မရောက်သေးပေမယ့်  ပြည်တွင်းလိဂ်ပြန်လည်စတင်ခဲ့တာက အရေးပါတဲ့လုပ်ဆောင်ချက်ဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူတွေ ခံစားနေရဆဲဖြစ်ပြီး ဘယ်နေရာမှာမဆို နေ့စဉ်တိုက်ခိုက်ဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက်သွားဖို့လည်းလိုတယ်။ ကျနော်တို့ရဲ့ ရှင်သန်မှုတွေကိုလည်း ဆက်လက် သယ်ဆောင်သွား ဖို့လိုပါတယ်။ ပြည်သူတွေဟာ အရင်ကလို နေထိုင်မှုပုံစံတွေနဲ့ ထိုက်တန်ပါတယ် ” လို့ ဇင်ချန်ကိုက ပြောပါတယ်။

တချို့အခြေအနေတွေမှာ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တာမျိုးရှိပေမဲ့ ယူကရိန်းပြည်သူတွေဟာ ဘယ်တော့မှအရူံးမပေးဘူးဆိုတာ ကမ္ဘာကြီးကိုပြသနိုင်ဖို့လည်း လိုကြောင်း ဇင်ချန်ကိုကပြောသွားပါတယ်။

ယူကရိန်းလိဂ်ပြိုင်ပွဲကို သြဂတ် ၂၃ ရက်ကစတင်ခဲ့ပေမယ့် လေကြောင်း ကနေ ဝင်ရောက်တိုက်ခိုက်ခံရတဲ့ အချက်ပေးသံတွေကြောင့် စိုးရိမ်မှုတွေ ရှိခဲ့ပါတယ်။

//
Up