close

ကိုလံဘီယာ လက်နက်ကိုင်ပဋိပက္ခ အမှန်တရားကို ဂုဏ်ပြုသည့် ဖျော်ဖြေပွဲ ကမ္ဘာ့စံချိန်သစ်တင်

ကိုလံဘီယာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခ အမှန်တရားကို ဂုဏ်ပြုတဲ့ ဖျော်ဖြေဟာ ကမ္ဘာ့စံချိန် ချိုးပြီး စံချိန်သစ်တင်လိုက်ပါတယ်။

သြဂုတ် ၂၈ ရက်က ဘီသိုဗင်ရဲ့ နိုင့်သ်ဆင်ဖိုနီနဲ့ လာတီနိုအမေရိက တေးသွားတွေ အပါအဝင် ပွာတိုရီကို အုပ်စုဖြစ်တဲ့ ကောလယ် ၁၃ အုပ်စုရဲ့ တေးသွားတွေကို ဘိုကိုတာမြို့တော် ဖီလ်ဟာမိုနစ် တီးဝိုင်းနဲ့အတူ ဖျော်ဖြေခဲ့တာပါ။ အဲဒီတီးဝိုင်းနဲ့အတူ ဂီတပညာရှင်၊ အဆိုတော်နဲ့ ကလေးတွေ အပါအဝင် လူ ၁၆,၀၀၀ က အတူဖျော်ဖြေခဲ့ကြတာပါ။

ဖျော်ဖြေတဲ့ တေးသွား စာသားတွေဟာ လူမှုရေး၊ နိုင်ငံရေး ကိစ္စရပ်တွေကို ဝေဖန်ထားလို့ လက်တင်အမေရိက တလွှားမှာ ကျော်ကြားပါတယ်။

မြို့တော် ဘိုကိုတာရဲ့ စိုင်မွန်ဘိုလီဗာမြို့တော် ပန်းခြံထဲက ပွဲစဉ်အတွင်း ဖျော်ဖြေခဲ့တာပါ။ ဒါဟာ ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ ကိုလံဘီယာ အမှန်တရားကော်မရှင်ရဲ့ နောက်ဆုံး အစီရင်ခံစာကို ဂုဏ်ပြုတဲ့ ဖျော်ဖြေပွဲလည်း ဖြစ်ပါတယ်။ 

ကိုလံဘီယာအစိုးရနဲ့ အခုချိန်မှာ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ (FARC) ဖှားသူပုန်​ တွေကြား ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် အမှန်တရားကော်မရှင်ကို တည်ထောင်ထားတာပါ။

ဒီကော်မရှင်ဟာ ကိုလံဘီယာနိုင်ငံရဲ့ နှစ် ၆၀ နီးပါးကြာ ပြည်တွင်းပဋိပက္ခအတွင်း ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရဲ့  နောက်ကွယ်က အမှန်တရားကို ဖော်ထုတ်ဖို့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

၁၉၈၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ကိုလံဘီယာ ပဋိပက္ခထဲမှာ လူပေါင်း ၄၅၀,၆၆၄ ဦး သေဆုံးခဲ့ပြီး ၂၀၁၉ ခုနှစ်အထိ လူ ၇ ဒသမ ၇ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ နောက်ဆုံးအစီရင်ခံစာက ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up