close

ကရင်နီတပ်ရင်း ၁၀ ခုအတွက် “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းတွင် ပါဝင်လှူဒါန်းနိုင်

မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီဒေသက ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၀ ခုကို ထောက်ပို့နိုင်ဖို့အတွက် “အားလုံးစုပေါင်း ကျည်တစ်သောင်း” ကမ်ပိန်းမှာ အားလုံးပါဝင်လှူဒါန်းနိုင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

ဒီကမ်ပိန်းကိုတော့ ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂ၊ ဆေးတက္ကသိုလ်(၂) ကျောင်းသားကော်မတီနဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းပြုလုပ်တာဖြစ်ပြီး အခုရက်ပိုင်းအတွင်း ကရင်နီဒေသမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပြီး ပွဲကြာလာတာနဲ့အမျှ ကျည်တွေလိုအပ်လာတာကြောင့် အားလုံးစုပေါင်းပြီး ကျည် တစ်သောင်းရှာမယ့် ကမ်ပိန်းကို စတင်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ် ၂၉ ရက်ကနေ လာမယ့် စက်တင်ဘာ ၈ ရက်အထိ ပြုလုပ်မယ့် ကမ်ပိန်းမှာတော့ ကျည် ၁ တောင့်ကို မြန်မာငွေကျပ် ၆၀၀၀ နှုန်းနဲ့ မိမိတို့စိတ်ကြိုက် ကျည်အရေအတွက်တွေကို ကျည်တစ်သောင်းပြည့်တဲ့အထိ ပါဝင်ထောက်ပံ့နိုင်မှာဖြစ်ကာ  KNDF B-01, B-02, B-05, B-06, B-09, B-10, B-16, KA(Commando), DMO PDF တပ်ရင်း A နဲ့ C တပ်ဖွဲ့ ၁၀ ခုဆီ ခွဲဝေထောက်ပံ့သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်တွင်းက ထောက်ပို့ကူညီလိုသူတွေအနေနဲ့ Kpay, Wave, NUGPay တို့နဲ့ ပါဝင်နိုင်မှာဖြစ်သလို ထိုင်း၊ စင်ကာပူ၊ အမေရိကန်၊ မလေးရှား၊ ဩစတြေးလျ၊ ဂျပန်၊ ကိုရီးယား၊ ယူကေနဲ့ အီးယူနိုင်ငံတွေ အသီးသီးကလည်း အမေရိကန်ဒေါ်လာ ၆ ဒေါ်လာနဲ့ညီမျှတဲ့ ငွေကြေးအသီးသီးနဲ့ တိုက်ရိုက် ဘဏ်အကောင့်တွေနဲ့ ပါဝင်ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်၊ ဒါ့အပြင် တခြားနိုင်ငံတွေကလည်း PayPal, Payoneer, Crypto တို့နဲ့လည်း ပါဝင်နိုင်မယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတဝန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ ခုခံတော်လှန်စစ် အရှိန်မြှင့်နေပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

ကျည်ဖိုး ပါဝင်ထောက်ပံ့ရန်

Messenger ➡️ http://m.me/universityofmedicine2.studentcommitte.ec

Telegram ➡️  https://t.me/um2sc

တို့ကို ဆက်သွယ်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up