နိုင်ငံရေးဆက်ရှုပ်ထွေးနေပါက နုတ်ထွက်မည်ဟု အီရန်ဝန်ကြီးချုပ်ပြော

အီရတ်နိုင်ငံမှာ ရှုပ်ထွေးတဲ့ နိုင်ငံရေးအခြေအနေတွေ ဆက်ရှိနေမယ်ဆိုရင် သူ့ရာထူးကနေ နုတ်ထွက်မှာဖြစ်ကြောင်း အီရတ်ဝန်ကြီးချုပ် မူစတာဖာအယ်လ်ခါဒီမီက သြဂုတ် ၃၀ ရက်မှာ ပြောကြားလိုက်ပါတယ်။
အစိုးရကိုယ်စားလှယ်တွေရော၊ ကိုယ်စားလှယ် မဟုတ်သူတွေရော ထပ်တူထပ်မျှ ဖြစ်နေတဲ့ အခြေအနေက လုံလောက်ပြီ ဖြစ်ကြောင်းနဲ့ တရားဝင်လုံခြုံရေးစနစ်က သူတို့အားလုံးကို၊ သူတို့ရဲ့ မတူညီတဲ့လမ်းကြောင်း အားလုံးကိုပါ ချိတ်ဆက်ပေးထားရမှာဖြစ်တယ်လို့ ခါဒီမီက ပြောပါတယ်။
ဘဂ္ဂဒက်ရဲ့ အဆိုးရွားဆုံး ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နှစ်တွေမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေရဲ့ မူလ အစကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းခဲ့ကြောင်းလည်း သူက ဆိုပါတယ်။
သြဂုတ် ၂၉ ရက်က ဆန္ဒပြသူတွေဟာ အစိုးရရုံးချုပ်တွေထဲ ချိုးဖောက်ဝင်ရောက်လာပြီးနောက်မှာ အယ်လ်ခါဒီမီဟာ အစိုးရအဖွဲ့အစည်းအဝေးတွေကို နောက်ထပ်သတိပေးချက် မထုတ်ပြန်မီအထိ ဆိုင်းငံ့ထားလိုက်ပါတယ်။
ဆာဒါးဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလ ရွေးကောက်ပွဲမှာ အဓိကအနိုင်ရသူအဖြစ် ပေါ်ထွက်ခဲ့တာပါ။ ဒါပေမဲ့ အီရန်ကျောထောက်နောက်ခံပြု ရှီးယိုက်အဖွဲ့တွေ မပါဝင်ပဲ ဆွန်နီမွတ်ဆလင် အာရပ်နဲ့ ကာ့ဒ်ပါတီတွေနဲ့အတူ အစိုးရဖွဲ့ဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပါဘူး။
နိုင်ငံရေးလှုပ်ရှားမှုအားလုံးကနေ နုတ်ထွက်ကြောင်း ဆာဒါးက ပြောကြားပြီးနောက် အခု သီတင်းပတ်အတွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။
ဆာဒါးကတော့ နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ တခြားရှီးယိုက် ခေါင်းဆောင်တွေနဲ့ ပါတီတွေက ပျက်ကွက်ခဲ့တာကြောင့် သူ ဒီလိုဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။