ဓာတ်ပြားဟောင်းကြီးလိုပဲ လွဲချော်နေဆဲဖြစ်ကြောင်း နည်းပြတူချယ်ဝေဖန်

ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် အသင်းရဲ့အခြေအနေဟာ ဓာတ်ပြားဟောင်းကြီးလိုပဲ လွဲချော်နေဆဲဖြစ်ကြောင်း ချဲလ်ဆီးနည်းပြ တူချယ်က ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ မနေ့ညက ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရတ်နဲ့ပွဲစဉ်မှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပွဲတွေ့ခဲ့ရတာပါ။
ပွဲအပြီးမှာတော့ အသင်းရဲ့ခြေစွမ်း ပုံမှန်အောက်ရောက်နေတာကို နည်းပြတူချယ်က ဝန်ခံခဲ့ပြီး အရင်က ဓာတ်ပြားဟောင်းကြီးလို နေရာတိုင်းမှာ အလွဲလွဲအချော်ချော်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။
“ဒီပွဲက ကျနော်တို့ ပုံမှန်ခြေစွမ်းအောက်ရောက်ခဲ့တယ်။ ပြီးတော့ အရင်ဖြစ်ခဲ့ဖူးသလို ဓာတ်ပြားဟောင်းကြီးအတိုင်းပါပဲ။ ကျနော်တို့ လုပ်ဆောင်ပြရမယ့် နေရာအထိ မရောက်ခဲ့သလို လုပ်ဆောင်နိုင်တဲ့ အခြေအနေလည်း မရှိခဲ့ဘူး။ ခုချိန်မှာတော့ နေရာတိုင်းမှာ လွဲချော်မှုတွေချည်းပါပဲ” လို့ နည်းပြတူချယ်က ပြောပါတယ်။
ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့မှာ ပေါင်သန်း ၂၅၀ ခန့် အသုံးပြုခဲ့ပေမဲ့ ရလဒ်ကောင်း မယူနိုင်ခဲ့တဲ့အပေါ် နည်းပြတူချယ်မှာ ဖိအားတွေ ရှိလာခဲ့ပါတယ်။