close

မြန်မာနိုင်ငံမှ တလလျှင် နွားအကောင်ရေ ၄,၀၀၀ ခန့် ထိုင်းဘက်သို့ ဝင်ရောက်နေ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ကနေ မြန်မာနွားအကောင်ရေ တစ်လကို ၄,၀၀၀ လောက် ဝင်ရောက်လာတယ်လို့ စက်တင်ဘာ ၆ ရက် Thai PBS သတင်းမှာ ဖော်ပြပါတယ်။

မြန်မာဘက်ခြမ်းကနေ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းဘက်ခြမ်းကို တရားဝင် တင်သွင်း လာတဲ့ နွားတွေဖြစ်ပါတယ်။

မြန်မာပြည်ကနွားတွေဟာ အရင် တရုတ်နယ်စပ်ဘက်ကို ပို့ဆောင်စဉ်က မဲဆောက်ဘက်မှာ အဝင်နည်းပေမဲ့  ကိုဗစ်-၁၉ ရောဂါကပ်ဘေးကြောင့် တရုတ်နိုင်ငံက မြန်မာပြည်က နွားတင်သွင်းခွင့် ပိတ်လိုက်ရာမှာ ထိုင်းဘက်ကို အဝင်များလာလို့ သိရပါတယ်။

အရင်က တလ နွားအကောင် ၂,၀၀၀ လောက် ဝင်နေရာက အခုခါမှာ နှစ်ဆတိုးပြီး တလ ၄,၀၀၀ လောက်များလာတယ်လို့ မယ်ပဆိပ်ကမ်း အာဏာပိုင် နိုင်းထုန်းချိုင်း မဏီးဆွန်က  ပြောပါတယ်။

အခုလိုတင်သွင်းရာမှာ အကောက်ခွန်ဥပဒေ၊ တိရစ္ဆာန်မွေးမြူရေးဌာန ဥပဒေတွေနဲ့အညီ ဆောင်ရွက်နေကြောင်း၊ ခွာနာလျှာနာရောဂါ အပါအဝင် တခြားတိရစ္ဆာန်ကူးစက်ရောဂါ စစ်ဆေးတဲ့အပြင် နိုင်ငံအတွင်းပိုင်းကို ဆက်မပို့ခင် ၂၈ ရက် နွားကွာရန်တင်း ထားရတယ်လို့ ဆိုပါတယ်။

နယ်စပ်နွားကုန်သည်တယောက်ဖြစ်တဲ့ မန်စူရခန်ကလည်း နွားတွေအများကြီးဝင်လာတော့ နွားဈေးလည်းကျကြောင်း၊ နောက်တချက်က မြန်မာငွေဈေး ကျတာနဲ့လည်း သက်ဆိုင်ကြောင်း၊ နွားဈေးကျပေမဲ့လည်း နွားစာနဲ့ အာဟာရ ဈေးတက်တော့ ထိုင်းနိုင်ငံထဲမှာ နွားဈေးကို ပြန်ချိန်ဆရတယ်လို့ ပြောပါတယ်။

Source-ThaiPBS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up