အမေရိကန်တွင် လူငယ်တဦးက သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ၄ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် မံမ်ဖစ်စ်မြို့မှာ လူငယ်တယောက်က သေနတ် နဲ့ ပစ်ခတ်ခဲ့တာကြောင့် လူ ၄ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့ကြောင်း အမေရိကန်ရဲ့ မြို့တော်ရဲဌာနက စက်တင်ဘာ ၈ ရက် အစောပိုင်း မီဒီယာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ပစ်ခတ်မှု အများအပြား ဖြစ်ပွားပြီးနောက်မှာ ပစ်ခတ်မှုသံသယရှိသူ အသက် ၁၉ နှစ်အရွယ် အက်ဇက်ကီးလ်ကို စက်တင်ဘာ ၇ ရက်မှာ ဖမ်းဆီးရမိကြောင်း မံမ်ဖစ်စ် ရဲချုပ် စီဂျေ ဒေးဗစ်စ်က ပြောပါတယ်။
တာဝန်ရှိသူတွေက သေနတ်ဒဏ်ရာနဲ့အမျိုးသားတဦးကို ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
ညနေ ၆ နာရီ ၁၂ မိနစ်မှာတော့ သံသယရှိသူဟာ မြို့သူမြို့သားတွေကို အန္တရာယ်ပြုမယ်ဆိုပြီး ခြိမ်းခြောက်နေတာကို ဖော်ပြထားတဲ့ ဖေ့စ်ဘုတ် LIVE မှာ ရှိနေကြောင်း တချို့ပြည်သူတွေဆီ ကနေ သတင်းရရှိခဲ့လို့ မံမ်ဖစ်စ် ရဲတပ်ဖွဲ့က မြို့အနှံ့ ရှာဖွေခဲ့ကြောင်း ပြောပါတယ်။
ပစ်ခတ်မှုတွေထဲက အနည်းဆုံးတခုကို Facebook အွန်လိုင်းမီဒီယာမှာ တင်ထားခဲ့ပြီး ဒီဗွီဒီယို စစ်မှန်ကြောင်း အတည်မပြုနိုင်သေးဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။