close

ဧရာဝတီမြစ်အတွင်း စစ်ကောင်စီတပ်၏ ဆီတင်သင်္ဘော ဒရုန်းဖြင့်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်းမှာ စက်တင်ဘာ ၁၄ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က စစ်ကောင်စီတပ်ဖွဲ့ လုံခြုံရေးလိုက်ပါလာတဲ့ ဆီတင်သင်္ဘောကို ဒရုန်းနဲ့ ၂ ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ ဆီတင်သင်္ဘောဟာ တွဲသ‌င်္ဘောနဲ့အတူ  မြင်းခြံမြို့ကနေ ထွက်ခွာလာတာဖြစ်ပြီး မြောင်မြို့နယ် နဂါးပေါက်ကျေးရွာအနီးမှာ တကြိမ်၊ နဂါးပေါက်နဲ့ နေပူကုန်းကျေးရွာအကြားမှာ တကြိမ် ဒရုန်းနဲ့ အီနာဂါဗုံးသီးပစ်ချတိုက်ခိုက်ခဲ့တာလို့ CDSOM  တာဝန်ရှိသူတဦးက ပြောပါတယ်။

“အရင်ဆုံး ကင်းထောက်ဒရုန်းနဲ့ လေ့လာကြည့်တယ်။ နောက်ပြီး ဒရုန်း ၂ စင်းကို အီနာဂါဗုံးသီးတလုံးစီ တပ်ဆင်ပြီး ပစ်ချခဲ့တာပါ။ ပထမလုံးက ဘေးတွဲသင်္ဘော ဆလင်အခန်းဘက်မှာ ကျခဲ့ပေမယ့် မကွဲဘူး။ ဒုတိယအလုံးက သူတို့ လုံခြုံရေးကင်းတဲအနီးမှာ ကျကွဲလို့ အဲဒီနေရာမှာတင် ၂ ကောင်လောက်က မလှုပ်တော့ဘူး။” 

ဗုံးသီးပစ်ချတိုက်ခိုက်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့က ‌လက်နက်ငယ်နဲ့ ပြန်လည်ပစ်ခတ်‌ခဲ့ပေမယ့် ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ CDSOM မှ Drone Team၊ Young Fighters People's Defence Force of Myaung၊ Wings Of The Irrawaddy Drone Team တို့မှ အဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့ ဇွန်လ ၁၃ ရက်နေ့ကလည်း မြောင်မြို့နယ် ဧရာဝတီမြစ်ကြောင်းအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ဆီတင်သင်္ဘောကို လုံခြုံရေးပေးနေတဲ့ စစ်သင်္ဘောတစီးအား ဒေသကာကွယ်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up