close

စစ်ကောင်စီက မိုးကုတ်ပြည်သူ ၄ ဦးအား ဖမ်းဆီးပြီး နေအိမ်တအိမ်ကို ထပ်မံချိပ်ပိတ်

မန္တလေးတိုင်း မိုးကုတ်မြို့အရှေ့ပိုင်းက ပြည်သူ ၄ ဦးကို စစ်ကောင်စီတပ်က စက်တင်ဘာ ၁၆ ရက်နေ့ညမှာ ဖမ်းဆီးသွားပြီး စည်ပင်သာယာရပ်ကွက်ရှိ နေအိမ်တအိမ်ကိုလည်း ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

"ဖမ်းသွားတာက PDF တွေကို ထောက်ပံ့တယ် ပတ်သက်တယ်ဆိုပြီး ဖမ်းသွားတာ၊ ဖမ်းခံရသူတွေကအများကြီးပဲ။ လိုင်းကလည်း မရတော့ ဘယ်သူမှလည်း သိပ်မတင်ကြလို့သာမသိကြတာ။ သတင်းမတင်တော့ ဘယ်သူဖမ်းခံရလဲဆိုတာလည်း မသိကြဘူးလေ၊ အဲ့တော့ အများကြီးဖမ်းခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ 

မိုးကုတ်မြို့ စည်ပင်သာယာရပ်ကွက်ရှိ ဖမ်းဆီးခံထားရတဲ့ CDM ဝန်ထမ်း လင်မယားအိမ်ကိုလည်း စစ်ကောင်စီတပ်က စက်တင်ဘာ ၁၂ ရက်နေ့က ထပ်မံချိပ်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဖမ်းဆီးခံထားရပြီး ပုဒ်မ ၅၂ ညနဲ့ အမှုဖွင့်ခံထားရတဲ့ CDM ဝန်ထမ်း လင်မယားအိမ်က ပစ္စည်း တွေ အကုန်သယ်ဆောင်သွားပြီးနောက် အိမ်ကိုစာလာကပ်သွားတာလို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up