ဘာစီလိုနာတွင်သာ ဆက်ကစားရန် ဆန္ဒရှိကြောင်း ဖရန့်ကီဒီဂျောင်ပြော

ဘာစီလိုနာအသင်းမှာပဲ ဆက်ကစားဖို့ ဆန္ဒရှိတယ်လို့ ကွင်းလယ်ကစားသမား ဖရန့်ကီဒီဂျောင်က ပြောကြားလိုက်ပါတယ်။
ဒီဂျောင်ဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့တုန်းက မန်ယူ၊ ချဲလ်ဆီးအသင်းတွေရဲ့ ကမ်းလှမ်းချက်တွေ လက်ခံရရှိခဲ့ပြီး ဘာစီလိုနာကလည်း ရောင်းထုတ်သွားဖို့ ဆန္ဒရှိခဲ့တာပါ။ ဒါပေမဲ့ ဒီဂျောင်ကတော့ ဘာစီလိုနာမှာပဲ ဆက်ရှိချင်လို့ အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့တာပါ။
“ပြီးခဲ့တဲ့ရာသီကုန်ဆုံးချိန်ကတည်းက ဘာစီလိုနာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ပြီးသားဖြစ်တယ်။ နွေရာသီတလျှောက်လုံး ကျနော့်ဆုံးဖြတ်ချက် မပြောင်းလဲခဲ့ဘူး။ အသေးစိတ်မပြောချင်ပေမဲ့ ဘာစီလိုနာအသင်းဘက်က ကိုယ်ပိုင်စိတ်ကူးရှိသလို ကျနော့်ဘက်ကလည်း ရှိခဲ့တယ်။ တခါတလေမှာ ဒါတွေက ပွတ်တိုက်မှုဖြစ်လေ့ရှိတယ်။ အဆုံးသတ်မှာတော့ အရာအားလုံး အဆင်ပြေသွားခဲ့တယ်” လို့ ဒီဂျောင်က ပြောပါတယ်။
ဟော်လန်လက်ရွေးစင်ကွင်းလယ်လူဟာ ၂၀၁၉ ခုနှစ်က အိုင်းယက်ကနေ ဘာစီလိုနာကို ပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
မန်ယူအသင်းက ဒီဂျောင်ကိုခေါ်ယူဖို့ လက်လျှော့လိုက်ပြီးတဲ့နောက်မှာ အဲရစ်ဆင်နဲ့ ကတ်စမီရိုတို့ကို အစားထိုး ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။