close

တမူး PDF တပ်ရင်း-၁ အပတ်စဉ် ၆ သင်တန်းဆင်းပွဲပြုလုပ် (ဓာတ်ပုံ)

အိန္ဒိယ-မြန်မာနယ်စပ်၊ စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အခြေစိုက်၊ တမူး PDF တပ်ရင်း-၁ က စက်တင်ဘာ ၂၈ ရက်မှာ အပတ်စဉ် ၆ အခြေခံစစ်ပညာ သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

“အဲ့ဒီသင်တန်းဆင်းပွဲ အခမ်းအနားမှာ တပ်ရင်းမှူးက သင်တန်းဆင်းမိန့်ခွန်း‌ ပြောကြားတာ၊ သင်တန်းမှူးမှ အမှာစကားပြောကြားတာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မှ စိတ်ဓာတ်မြှင့်တင်ရေး အားပေးစကား ပြောကြားတာ၊ မဟာမိတ် EROs ခေါင်းဆောင်တယောက်က ညီညွတ်ရေးစကား‌ ပြောကြားတာ၊ သင်တန်းဆင်း ရဲဘော်တွေထဲက ထူးချွန်ဆုရရှိသူတွေကို ဆုချီးမြှင့်တာ စတဲ့ အစီအစဉ် ၈ ခုနဲ့ ကျင်းပခဲ့ပြီး အခမ်းအနားကို လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားမဟာမိတ် EROs တွေ၊ ပကဖ အဖွဲ့ဝင်တွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်” လို့ တမူး PDF တပ်ရင်း-၁ တာဝန်ရှိသူတယောက်က ဒီဗွီဘီကို ပြောပါတယ်။

ဆက်လက်ပြီး တမူး PDF တပ်ရင်း-၁ အနေနဲ့ စစ်ပညာသင်တန်းတွေ ပို့ချသွားမှာဖြစ်ပြီး စစ်သင်တန်း တက်ရောက်လိုသူတွေအနေနဲ့ တမူး PDF တပ်ရင်း-၁ ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေတဆင့် ဆက်သွယ်လို့ရကြောင်း ဆိုပါတယ်။

တမူးပြည်သူ့ကာကွယ်ရေးတပ်‌ဖွဲ့ Freedom Rangers Tamu အနေနဲ့ အခုအချိန်ကစပြီး တိုက်ပွဲတွေဖော်ဆောင်ကာ မိမိတို့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် စစ်ကောင်စီတပ်နဲ့ အပေါင်းအပါတွေကို အမြစ်ပြတ် တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေ၊ တိုင်းရင်းသား EAO တွေနဲ့မဆို မဟာမိတ်ပြုလုပ်ပြီး အတူတကွ လက်တွဲပူးပေါင်းကာ တိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up