close

ပွဲထွက်ကစားခွင့်ရရေး ကြံ့ခိုင်မှုကောင်းဖို့အရင်လုပ်ရန် ဗန်ဒီဘိခ်ကို နည်းပြတန်ဟတ်ဂ်တိုက်တွန်း

ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်အနေနဲ့ ပွဲကစားချင်တယ်ဆိုရင် ကြံ့ခိုင်မှုကောင်းမွန်လာဖို့ အရင်လုပ် ဆောင်ရမှာဖြစ်ကြောင်း မန်ယူနည်းပြတန်ဟတ်ဂ်က တိုက်တွန်းသွားပါတယ်။

ဗန်ဒီဘိခ်ဟာ ပြီးခဲ့တဲ့ရာသီက အဲဗာတန်အသင်းဆီကိုအငှားထွက်ကစားခဲ့ပြီး ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပါတယ်။

အခုနှစ်ရာသီမှာ အိုင်းယက်စ်မှာကတည်းကလက်တွဲခဲ့တဲ့ ဆရာဟောင်းတန်ဟတ်ဂ်နဲ့ ပြန်လည် တွေ့ဆုံခဲ့တာဖြစ်ပေမယ့် ဒဏ်ရာမသက်သာသေးတာကြောင့် ပွဲထွက်ခွင့်မရဖြစ်နေတာပါ။

လက်ရှိအချိန်မှာလည်း အပေါ့စား လေ့ကျင့်ခန်းတွေကိုပဲပြုလုပ်နိုင်ပြီး ကြံ့ခိုင်မှုကောင်းမွန်နေမှသာ ပွဲကစားဖို့အခွင့်အလမ်းရရှိနိုင်မယ်လို့ နည်းပြတန်ဟတ်ဂ်ကပြောပါတယ်။

“သူ့အနေနဲ့ ကြံ့ခိုင်မှုကောင်းနေဖို့လိုတယ်။ ပွဲကစားနိုင်တဲ့ အခြေအနေမရှိတာက သူ့အတွက် အားနည်းစေတယ်။ ဒီအသင်းမှာ ၂နှစ်ခွဲလောက်လည်းကြာပြီ။ ရာသီကြို လေ့ကျင့်ရေးမှာတုန်းကလည်းသူပါတယ်။ ပွဲကစားနိုင်တဲ့ကြံ့ခိုင်မှုမရှိရင်တော့ ပွဲထွက်ခွင့်ရ ဖို့မဖြစ်နိုင်ပါဘူး” လို့ နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။

ဟော်လန်ကစားသမားဗန်ဒီဘိခ်ဟာ ဒီနှစ်ရာသီ ဘရိုက်တန်၊ ဘရန့်ဖို့ဒ်နဲ့ လီဗာပူးပွဲစဉ်တွေမှာ စုစုပေါင်း ၁၉ မိနစ်ပဲ လူစားဝင်ကစားခွင့်ရထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up