close

ကလေးမြို့တွင် စစ်ကောင်စီတပ်သားများ ဗုံးခွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ကလေးမြို့မှာ အောက်တိုဘာ ၉ ရက် သီတင်းကျွတ်လပြည့်နေ့ မနက်ပိုင်းက ကြို့သုံးပင်ရပ်ကွက်မှာ စစ်ကောင်စီတပ်သား‌တွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မြို့တွင်းမှာလှည့်ပတ်နေတဲ့ စစ်ကောင်စီတပ်သားတွေ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတာ။ တိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်။"

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုကို ကလေးမြို့တွင်းတော်လှန်ရေးတပ်ဖွဲ့ Operation Mo Mo က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ထိခိုက်ကျဆုံးမှုစာရင်းကိုတော့ အတည်ပြုလို့ မရခဲ့ဘူးလို့ ဆိုပါတယ်။

ကလေးမြို့တွင်းအတွင်း သီတင်းကျွတ်လပြည့် ဒီနေ့မနက်အစောပိုင်းကစပြီး စစ်ကောင်စီတပ်သားတွေက လူစည်ကားရာနေရာအများအပြားမှာ လုံခြုံရေးယူထားပြီး ဗုံးပေါက်ကွဲမှု ၃ကြိမ်အထိဖြစ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up