စီရော်နယ်ဒို၏ ၇၀၀ ပြည့်ဂိုးနှင့် အဲဗာတန်ကို မန်ယူအသင်းအနိုင်ယူ

မန်ယူအသင်းဟာ တနင်္ဂနွေနေ့က အဲဗာတန်နဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့ ကလပ်သွင်းဂိုး ၇၀၀ ပြည့်ဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ သူ့ရဲ့ကစားသမားဘ၀ နှစ် ၂၀ နဲ့ ၂ ရက်ကြာကာလအတွင်းမှာ စုစုပေါင်း ဂိုး ၇၀၀ ပြည့်မြောက်တဲ့သွင်းဂိုးကို ပထမပိုင်းပြီးခါနီးမှာ သွင်းယူခဲ့တာပါ။
ရော်နယ်ဒိုဟာ ပွဲချိန် ၂၉မိနစ်မှာ မာစီယယ်ဒဏ်ရာရသွားလို့သာ လူစားဝင်ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့သွင်းဂိုးက အသင်းကိုနိုင်ပွဲရရှိစေခဲ့သလို မှတ်တမ်းသစ်တစ်ခုလည်းတင်နိုင်ခဲ့တာပါ။
ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းအတွက် ၅ ဂိုး၊ မန်ယူအတွက် ၁၄၄ ဂိုး၊ ရီးရဲလ်မက်ဒရစ်အတွက် ၄၅၀ ဂိုး၊ ဂျူဗင်တပ်အတွက် ၁၀၁ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး စုစုပေါင်းကလပ်အသင်းတွေအတွင်း သွင်းဂိုး ၇၀၀ ပြည့်မြောက်သွားခဲ့တာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် စုစုပေါင်းသွင်းဂိုးမှာတော့ ၈၁၇ ဂိုးအထိသွင်းယူထားပြီး မက်ဆီက ၇၉၂ ဂိုးနဲ့ ဒုတိယနေရာကနေ လိုက်နေပါတယ်။