close

ဖားကန့်အကျဉ်းထောင်မှ အလွတ်တန်းသတင်းထောက် ၁ ဦးနှင့် နိုင်ငံရေးအကျဉ်းသား ၁ ဦး လွတ်မြောက်

ကချင်ပြည်နယ်၊ ဖားကန့် အကျဉ်းထောင်ကနေ အလွတ်တန်းသတင်းထောက်တ တယောက်နဲ့ နိုင်ငံရေးအကျဉ်းသားတယောက်တို့  အောက်တိုဘာ ၂၈ ရက် မနက်ပိုင်းက ဖားက န့်အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေထံက သိရပါတယ်။

အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ကို  ပုဒ်မ ၅၀၅(က)နဲ့ စစ်ကောင်စီက တရားစွဲဆိုကာ ထောင်ဒဏ် ၁ နှစ်ခွဲ၊ ပို့ကုန်/သွင်းကုန် ဥပဒေနဲ့ ၁ လ စုစုပေါင်း ပေါင်း ထောင်ဒဏ် ၁ နှစ်နဲ့ ၇ လ အမိန့်ချတ်မှတ်ခံရပြီး  လွတ်ရက်စေ့လို့ ပြန်လွတ်လာတာလို့ သူနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ် ။

"ဒီနေ့မနက်ပဲ လွတ်လာတာ ဟုတ်ပါတယ်လွတ်ရက်စေ့လို့ လွတ်လာတာပါ”လို့ ကိုဇော်ဝင်းမောင်နဲ့ နီးစပ်တဲ့ မိတ်ဆွေတဦးကပြောပါတယ်။

ဒါ့အပြင် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်ဆီးခံရတဲ့ ကိုမျိုးဦးလည်းလွတ်မြောက်လာပါတယ်။

အလွတ်တန်းသတင်းထောက် ကိုဇော်ဝင်းမောင်ဟာ လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလ ၂၅ ရက်နေ့က လုံးခင်းကျေးရွာမှာပြုလုပ်တဲ့ ညဆီမီးသပိတ်ပြုလုပ်နေချိန် ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ်မှာ စစ်တပ်ရဲ မတရားအာဏာသိမ်းမှုကို  ဆန့်ကျင်တဲ့ ပြည်သူ ၄၄ ယောက် ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်းဆီးခံရပြီး  ၂၇ ရက်က ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up