close

ဓားဒဏ်ရာခွဲစိတ်ကုသခဲ့ရသည့် နောက်ခံလူ ပါဘလိုမာရီ ၂ လခန့်အနားယူရမည်

အီတလီနိုင်ငံမီလန်မြို့က စူပါမားကတ်တစ်ခုမှာ ဓားထိုးခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူ မာဘလို မာရီဟာ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့လို့ ၂ လလောက် အနားယူရမယ်လို့သိရပါတယ်။

အီတလီကလပ် မွန်ဇာမှာအငှားစာချုပ်နဲ့ ကစားနေတဲ့ ပါဘလိုမာရီဟာ ဇနီးနဲ့ သားဖြစ်သူတွေနဲ့အတူ မီလန်မြို့က စူပါမားကတ် တစ်ခုကိုသွားရောက်ခဲ့ရာမှာ စိတ်ရောဂါအခံရှိသူတစ်ဦးက ဓားနဲ့ တိုက်ခိုက်ခံခဲ့ရတာပါ။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စူပါမားကတ်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး ပါဘလိုမာရီနဲ့အတူ တခြားဒဏ်ရာရသူတွေလည်းရှိခဲ့တာပါ။

နောက်ခံလူ မာရီဟာ နောက်ကျောဘက် ကြွက်သားဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး ခွဲစိတ်ကုသခဲ့ရတာပါ။ သူ့ရှေ့မှာပဲ သေဆုံးသွားခဲ့ရသူကိုမြင်တွေ့ခဲ့ရပြီး အဲဒီလူရဲ့မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း၊ ဆုတောင်းစကားပါးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်း ပါဘလိုမာရီကတွစ်တာကနေ အသိပေးခဲ့ပါတယ်။

ဓားနဲ့တိုက်ခိုက်သူဟာ အသက် ၄၆နှစ်အရွယ်ရှိပြီး မီလန်မြို့ ဆန်ပါအိုလိုဆေးရုံရဲ့ စိတ်ရောဂါကုဌာနမှာ ဖမ်းဆီးပြီး ကုသမှုပြုလုပ်ထားတယ်လို့သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up