လက်စတာနှင့်ကန်မည့်ပွဲတွင် ဟာလန်းကစားနိုင်ရန် မသေချာဟု နည်းပြဂွါဒီယိုလာပြော

လက်စတာနဲ့ပွဲစဉ်မှာ တိုက်စစ်မှူးဟာလန်းပွဲထွက်ကစားနိုင်ဖို့ မသေချာကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ဟာလန်းဟာ ဒေါ့မွန်နဲ့ ဂိုးမရှိသကျေခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့ပြီး ပထမပိုင်းအပြီးမှာ လူစားလဲခံခဲ့ရတာပါ။
ဟာလန်းရဲ့ဒဏ်ရာအခြေအနေက သိပ်မပြင်းထန်ပေမယ့် လက်စတာနဲ့ပွဲအမီ ပွဲကစားနိုင်လောက်တဲ့ ကြံ့ခိုင်မှုရမလားဆိုတာ မသိရသေးကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
နော်ဝေတိုက်စစ်မှူးဟာ မန်စီးတီးနဲ့ ပြိုင်ပွဲစုံ ၁၇ ပွဲမှာ သွင်းဂိုး ၂၂ ဂိုးသွင်းယူထားတာပါ။ ဟာလန်းပါဝင်ကစားနိုင်ခြင်းမရှိခဲ့ရင်တော့ အယ်လ်ဗာရက်ဇ်ကို အစားထိုး ကစားစေမှာဖြစ်ပြီး ဟာလန်းလို ဂိုးတွေအများကြီးမသွင်းနိုင်သေးပေမယ့် သွင်းဂိုးတွေထပ်ရဖို့ မျှော်လင့်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။