ဇာတိမြေ၌ မြေးနှင့်အတူ အစောဆုံးမဲပေးခဲ့သည့် အမေရိကန်သမ္မတ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ သူ့ဇာတိ ဒယ်လာဝဲပြည်နယ်မှာ အောက်တိုဘာ ၂၉ ရက်က မြေးဖြစ်သူ နာတာလီဘိုင်ဒန်နဲ့အတူ ပထမဆုံး မဲပေးခဲ့ပါတယ်။
မဲရုံး၀န်ထမ်းတွေက ဝယ်လ်မင်တန် မဲရုံမှာ နာတာလီကို ဂုဏ်ပြုနေချိန်မှာ "သူ့ရဲ့ ပထမဆုံးမဲ" လို့ သမ္မတက ပြောခဲ့ပါတယ်။
မဲပေးပြီးတဲ့နောက် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပေလိုစီရဲ့ခင်ပွန်း ပေါလ် ပေလိုစီဟာ ခွဲစိတ်ကုသခံပြီး နေပိုကောင်းလာပြီလို့ ဘိုင်ဒန်က ပြောခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုဟာ လွှတ်တော်ဥက္ကဋ္ဌ ပေလိုစီအတွက် ရည်ရွယ်ပုံရပြီး နိုင်ငံရေးအကြမ်းဖက်မှု တွေကို ရှုတ်ချဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား ကုလသမဂ္ဂက ကြားဝင်စေ့စပ်ပေးတဲ့ ဆန် စပါး ဆိုင်ရာ သဘော တူညီချက်မှာ ပါဝင်မှုကို ဆိုင်းငံ့ဖို့ ရုရှားရဲ့ ဆုံးဖြတ်ချက်ကို ဒေါသထွက်စရာ ကောင်းတယ်လို့ ဘိုင်ဒန်က ပြောပါတယ်။
ရုရှားရဲ့ လုပ်ရပ်ကြောင့် ငတ်မွတ်ခေါင်းပါးမှု တိုးလာနိုင်စရာ ရှိတယ်လို့လည်း ပြောပါတယ်။
ဂျိုးဘိုင်ဒန်နဲ့ သမ္မတကတော်တို့ဟာ တောင်ကိုရီးယားမှာ လူ ၁၄၉ ယောက်ထက် မနည်း သေဆုံးခဲ့တဲ့ လူအုပ်ပိမှုအတွက် အလွန်ဝမ်းနည်း ကြေကွဲကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။