ခွဲစိတ်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပေါ့ဘာလွဲချော်

ပြင်သစ်အသင်းနဲ့ ဂျူဗင်တပ်စ်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒူးဒဏ်ရာကြောင့် လာမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်တော့မှာ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ပေါ့ဘာဟာ ခွဲစိတ်ထားတဲ့ ဒူးဒဏ်ရာကနေ ပြန်ကောင်းလာဖို့ အချိန်ထပ်ယူဖို့လိုတဲ့အတွက် လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ အေးဂျင့်ဖြစ်သူက ပြောပါတယ်။
ဂျုဗင်တပ်စ် ကွင်းလယ်သမားဟာ ဒူးဒဏ်ရာကို ပြီးခဲ့တဲ့ဇူလိုင်လမှာ ရရှိခဲ့တာပါ။ ကမ္ဘာ့ဖလား လက်ရှိချန်ပီယံ ပြင်သစ်အတွက် ကွင်းလယ်မှာ အဓိကအားထားရတဲ့ ပေါ့ဘာအပြင် ကန်တေပါ ဒဏ်ရာပြဿနာကြောင့် နားနေရတဲ့အတွက် ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ရုန်းကန်ရဖွယ် ရှိနေပါတယ်။
ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလားမှာ ပွဲဦးထွက်အဖြစ် နိုဝင်ဘာ ၂၂ ရက်နေ့ကျရင် သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။