close

အရာတော်၊ သလဲဘာကျေးရွာရှိ ပျူစောထီးများ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာကျေးရွာက ပျူ‌စောထီးတွေကို နိုဝင်ဘာ ၃ ရက် မနက် ၁၀ နာရီက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

မြင်းခြံ Zero ပြောက်ကျားတပ်ရင်းခေါင်းဆောင် ကိုသက်ကြီးက “မစ်ရှင်ကို ၁၀ နာရီမှာ စတင်လှုပ်ရှားတယ်။ သူတို့ နိုဝင်ဘာ ၁ ရက်နေ့က တိုက်မိုင်းမိတဲ့ ပျူခေါင်းဆောင်သားအဖရဲ့ နာရေးလုပ်လာတဲ့အချိန်မှာ ဒရုန်း ၅ စီး အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ။ ဒရုန်းစစ်ဆင်ရေးဆိုတော့ ကိုယ့်ဘက်က အထိအခိုက် မရှိခဲ့ဘူး။ (--)တွေဘက်ကတော့ ၁၅ ယောက်ထက်မနည်း သေတယ်။ ၂၀ လောက် ဒဏ်ရာရတယ်လို့ ရွာအတွင်းကနေ သတင်းရထားတယ်” လို့ ပြောပါတယ်။

အခုလို ဒရုန်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တိုက်ခိုက်ပြီး သလဲဘာကျေးရွာအတွင်းကနေ ၄၀ မမတွေနဲ့ ရမ်းသန်းပစ်ခတ်နေတယ်လို့ အနီးပတ်ဝန်းကျင်ကျေးရွာနေ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး ထိခိုက်သေဆုံးသူစာရင်းကို ဒီဗွီဘီအနေနဲ့ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါဘူး။

အခုတိုက်ခိုက်တာကို Zero ပြောက်ကျားတပ်ဖွဲ့ ဦးဆောင်ပြီး Danger Force၊ BRA၊ MRTF၊ ဇာမဏီ နဂါးနီ (ကျောက်ဆည်) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up