close

ဖလော်ရီဒါအထက်တန်းကျောင်းပစ်ခတ်မှု ကျူးလွန်သူ ထောင်တသက်တကျွန်း ချမှတ်ခံရ

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် အထက်တန်းကျောင်းမှာ ကျောင်းသားတွေနဲ့ ဝန်ထမ်း ၁၇ ယောက်ကို မောင်းပြန်ရိုင်ဖယ်နဲ့ သတ်ဖြတ်ခဲ့တဲ့ နိကိုလပ်စ် ခရုဇ်ကို နိုဝင်ဘာ ၂ ရက်မှာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် ခရုဇ်ကို သေဒဏ်ကနေကင်းလွတ်ဖို့ ဂျူရီအဖွဲ့ဟာ ပြီးခဲ့တဲ့လက မဲခွဲဆုံးဖြတ်ခဲ့ပြီး အမေရိကန်သမိုင်းမှာ လူအသေအပျောက်အများဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုအတွက် တသက်တာလွတ်ငြိမ်းချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ်တသက် ကျခံစေဖို့ ရွေးချယ်ပေးလိုက်ပါတယ်။

သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကတော့ ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ကြိမ်းမောင်းခဲ့ကြပြီး ပြစ်ဒဏ်ချမှတ်ခံရသူကို သေဒဏ်ပေးနိုင်ဖို့ တရားသူကြီး ၁၂ ယောက်စလုံး တညီတညွတ်တည်းဖြစ်ဖို့ လိုအပ်တဲ့ ပြည်နယ်ဥပဒေ ပြဋ္ဌာန်းချက်ကို ဝေဖန်ခဲ့ပါတယ်။

ခရုဇ်ဟာ အခြေခံဥပဒေအရ အခွင့်အရေးရှိကြောင်း သတိပြုပေးဖို့ဆိုတဲ့ ခုခံချေပချက်တွေကို တရားသူကြီးဆီ တင်ပြတဲ့ ခရုဇ်ရဲ့တရားခံရှေ့နေတွေကို တချို့ဆွေမျိုးတွေက အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။

ခရုဇ်ဟာ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းက မာဂျော်ရီ စတုန်မန်း ဒေါက်ဂလပ်စ် အထက်တန်းကျောင်းကို တိုက်ခိုက်ချိန်က အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး သူ့ကို ကျောင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။

ခရုဇ်ဟာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၄ ရက်က သူ့ရဲ့ ကြိုတင်ကြံစည်ထားတဲ့ ရမ်းကားသတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးနောက် အခုနှစ်အစောပိုင်းမှာ ၃ လကြာ တရားခွင်ပြစ်ဒဏ်ကို ရင်ဆိုင်ခဲ့ရပါတယ်။

စီရင်ချက်ချတာကို နိုဝင်ဘာ ၁ ရက်မှာ စတင်ခဲ့ပြီး တရားခံအပေါ် သက်ရောက်မှုရှိစေမယ့် ထုတ်ပြန်ကြေညာချက်တွေ ပါဝင်ပါတယ်။

အသက်ရှင်ကျန်ရစ်သူတချို့ကတော့ ကမ္ဘာပေါ်မှာ ကိုယ်ပိုင်သေနတ်ပိုင်ဆိုင်ခွင့် အမြင့်ဆုံးဖြစ်ပြီး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ ထပ်တလဲလဲဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုမှာ ပိုမိုတင်းကျပ်တဲ့ သေနတ်ဥပဒေတွေအတွက် လူငယ်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုကို စီစဉ်ခဲ့ကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up