close

ဘူးသီးတောင်စစ်ရှောင်များ နေရပ်မပြန်ပါက ကျူးကျော်အဖြစ် သတ်မှတ်အရေးယူမည်

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ပေါ်ရှိ စစ်ရှောင်ဒုက္ခသည်စခန်း ၄ ခုမှ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့၊ နေရပ်မပြန်ပါက မြေကျူးကျော်သူတွေအဖြစ်  တရားစွဲဆိုသွားမယ်ဆိုပြီး စစ်ကောင်စီက ခေါ်ယူသတိပေးထားတယ်လို့  စစ်ဘေးရှောင်တွေက ပြောပါတယ်။

ရန်အောင်မြေ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတဦးက “စစ်ရှောင်စခန်း ၄ ခုကို ခေါ်ပြောထားပြီးပြီ။ နေရပ်မပြန်ရင် ကျူးကျော်လို့ သတ်မှတ်မယ်တဲ့။ ရွာမှာက တပ်တွေ အထိုင်ချထားသလို နှစ်ဖက်ကြားနေ နေရာတွေဖြစ်နေတယ်။ မိုင်းလည်း မရှင်းထားသေးဘူး။ ရွာတွေကလည်း လူမနေတာ ၄ နှစ်လောက် ရှိပြီ။ အဲဒါကြောင့် ကျနော်တို့ ပြန်နိုင်မယ့်အခြေအနေ မရှိသေးဘူး” လို့ ပြောပါတယ်။ 

ဘူးသီးတောင်မြို့ပေါ်က စစ်ရှောင်ဒုက္ခသည်စခန်း ၄ ခုကို  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အောက်တိုဘာ ၃၀ ရက် နောက်ဆုံးထားပြီး ဖယ်ပေးဖို့နဲ့ စစ်ရှောင်တွေ နေရပ်ပြန်ဖို့ ခေါ်ယူသတိပေးထားတာလို့ ဆိုပါတယ်။

အခုအခါ ရန်အောင်မြေ စစ်ရှောင်စခန်းအဝင်ဝမှာရှိတဲ့ စစ်ရှောင်နေအိမ် ၆၀ ကို ကိုယ်အစီအစဉ် နဲ့ ကိုယ်  အောက်တိုဘာ ၃၁ ရက်မှာ ဖျက်ပေးခဲ့ရပြီး ရန်အောင်မြေဘုန်းကြီးကျောင်းထဲ ခေတ္တနေနေရတယ်လို့ စစ်ဘေးရှောင်တဦးက ​ပြောပါတယ်။

ရခိုင်ပြည်အတွင်းက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ်တွေမှာ လုံခြုံရေးအကြောင်းပြပြီး စားနပ်ရိက္ခာနဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးအပ်နေတဲ့ INGO/NGO အဖွဲ့အစည်းတွေကို စက်တင်ဘာ ၁၆ ရက်ကစပြီး စစ်ကောင်စီက သွားလာခွင့် ကန်သတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up