ဒဏ်ရာရ အင်္ဂလန်နောက်ခံလူ ဝေါ်ကာကို နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပွဲဆီ ခေါ်သွားမည်

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာ ဒဏ်ရာပြဿနာရှိနေတဲ့ နောက်ခံလူဝေါ်ကာကို ကမ္ဘာ့ဖလားဆီ ခေါ်သွားဖို့စီစဉ်နေပါတယ်။
မန်စီးတီးနောက်ခံလူဟာ ပြီးခဲ့တဲ့အပတ်ကမှ ပေါင်ခြံဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ်။ ဒါကြောင့် လာမယ့် နိုဝင်ဘာလမှာစတင်မယ့် ကမ္ဘာ့ဖလားမှာပါဝင် ကစားနိုင်ဖွယ်မရှိတော့ပါဘူး။ ဒါပေမဲ့ နည်းပြဆောက်ဂိတ်ကတော့ နောက်ခံလူဝေါ်ကာရဲ့ ဒဏ်ရာအခြေအနေဟာ အချိန်မီပြန်ကောင်းလာနိုင်တယ်လို့ ယူဆနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာ ထည့်သွင်းရွေးချယ်သွားဖို့ရှိပါတယ်။
နည်းပြဆောက်ဂိတ်ဟာ ဝေါ်ကာကို အုပ်စုအဖွင့်ပွဲစဉ်မှာ အသုံးပြုလို့မရရင်တောင် လက်ကျန်ပွဲစဉ်တွေအတွက် ဆက်ပြီးရွေးချယ်သွားဖို့စီစဉ်ထားတာဖြစ်ပါတယ်။