မန်ယူနောက်ခံလူ ဗာရန်း ဒဏ်ရာရသွားသဖြင့် မက်ဂွဲယား ပွဲထွက်ခွင့်ရလာမည်

မန်ယူအသင်းမှာ နောက်ခံလူ ဗာရန်း ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်လို့ မက်ဂွဲယား အတွက် ပွဲထွက်ခွင့် ရရှိလာတော့မှာပါ။
ဗာရန်းဟာ ချဲလ်ဆီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်ခင်အထိ ယူနိုက်တက်ရဲ့ ပွဲစဉ်အာလုံးကို လွဲချော်မှာပါ။
ပြင်သစ်နောက်ခံလူဟာ တံကောက်ကျောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ယူနိုက်တက်ရဲ့ ပွဲစဉ် ၆ ပွဲလောက်ကို လွဲချော်မှာပါ။
ဒီအခြေအနေက ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ နောက်ခံလူ မက်ဂွဲယားအတွက် ပွဲထွက်ခွင့်ပြန်ရဖို့ အခွင့်အရေးတခု ဖြစ်လာပါတယ်။
မက်ဂွဲယားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က ရှရစ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ မိနစ်အနည်းငယ် လူစားလဲကစားခဲ့ပြီးနောက် ယူနိုက်တက်ရဲ့ ပွဲစဉ် ၇ ပွဲဆက်တိုက် လွဲချော်ခဲ့တာပါ။
လက်ရှိအခြေအနေမှာတော့ ဒဏ်ရာပြန်လည်ကောင်းမွန်လာပြီး လေ့ကျင့်ခန်းဆင်းနေလို့ ကြာသပတေးနေ့ကစားမယ့် ရှရစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်ရဖို့ ရှိနေပါတယ်။