close

မြင်းမူမြို့၊ ဝါစက်ဝင်းအစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဗုံးပစ်ခံရပြီး ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဝါစက်ဝင်းအစောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၁၆ ရက် မနက် ၅ နာရီလောက်က လက်ပစ်ဗုံးနဲ့ အပစ်ခံရတာကြောင့် ၂ ဦး သေဆုံးတယ်လို့  ဒေသခံတွေက ပြောပါတယ်။

“မနက်ခင်း အစောကြီးပဲဗျ။ ပေါက်ကွဲသံ ကြားလိုက်ရတယ်။ ဘယ်နားပေါက်ကွဲတာလဲလို့ စုံစမ်းကြည့်တော့ ဝါစက်ဝင်းထဲက စစ်(-) တွေ အပစ်ခံရတယ်လို့ သိရတယ်ဗျ။ အခုတော့ အရပ်ဝတ်တွေနဲ့ ရပ်ကွက်တွေထဲ ရှာဖွေရေး လုပ်နေကြတယ်” လို့ မြင်းမူဒေသခံတဦးက ပြောပါတယ်။

“မြင်းမူမြို့ပေါ် ပစ်ခတ်မှုကို ကျနော်တို့ မြင်းခြံ Zero ပြောက်ကျားတပ်ဖွဲ့နဲ့ True Fighter အဖွဲ့က သွားပစ်ခဲ့တာဗျ။ လက်ပစ်ဗုံးတလုံးနဲ့ ကင်းစောင့်တဲ့နေရာကို ပစ်ထည့်ခဲ့တာ အနည်းဆုံး ၂ ယောက်တော့ သေမယ်ဗျ။ အတိအကျ သတင်းရဖို့ စုံစမ်းနေတယ်” လို့ Zero ပြောက်ကျားတပ်ဖွဲ့မှ ကိုသက်ကြီးက ပြောပါတယ်။

ဒေသခံတော်လှန်ရေးအဖွဲ့တွေက မြင်းမူမြို့ပေါ်က စစ်ကောင်စီအခြေစိုက်စခန်းတွေကို အလစ်ဝင်ရောက် ပစ်ခတ်တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံးတွေ ရှိနိုင်တယ်လို့ မြင်းမူဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up