close

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု​ အထူးမွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံ)

ကယား (ကရင်နီ) ပြည်နယ်အခြေစိုက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့  အပတ်စဉ် စီ အထူးမွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၇ ရက်က ကျင်းပပါတယ်။

အပတ်စဉ် စီ အထူးမွမ်းမံသင်တန်းမှာ ရဲဘော်တွေရဲ့ အရည်အသွေး စွမ်းဆောင်ရည်နဲ့ အထူးစစ်ရေးအကြောင်းအရာတွေ လေ့ကျင့်သင်ကြားခဲ့ပြီး သင်တန်းရဲ့ ရည်ရွယ်ချက်မှာ ရဲဘော်တွေ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေဖို့နဲ့ စည်းလုံးညီညွတ်မှုရှိစေဖို့ ‌ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KRUဟာ ကရင်နီပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာ‌ဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတာဖြစ်ပြီး KRU ကို ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ KRU အနေနဲ့ စစ်အာဏာရှင်စနစ်ကို ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up