ယူကရိန်း လယ်ယာထွက်ကုန်များ တင်ပို့မည့် သဘောတူညီချက် သက်တမ်းတိုး

ယူကရိန်းရဲ့ လယ်ယာထွက်ကုန်တွေကို သူ့ရဲ့ တောင်ပိုင်း ပင်လယ်နက်ဆိပ်ကမ်းတွေကနေ ပို့ပေးရမယ့် သဘောတူညီချက်ကို နိုဝင်ဘာ ၁၇ ရက်မှာ နောက်ထပ် ရက်ပေါင်း ၁၂၀ သက်တမ်းတိုးမြှင့်လိုက်ပါတယ်။
ဇူလိုင်လမှာ အရင်ဆုံးရရှိခဲ့တဲ့ သဘောတူညီချက်အရ အကာအကွယ်ပေးထားတဲ့ ပင်လယ်ကူးစင်္ကြံကို ဖန်တီးခဲ့တာပါ။
အစေ့အဆံတွေနဲ့ ဆီထွက်သီးနှံတွေကို အဓိကထုတ်လုပ်သူ ယူကရိန်းရှိ ဆိပ်ကမ်းသုံးခုကနေ ပို့ကုန်တွေ ပြန်ပို့ခွင့်ပြုခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာပြတ်လပ်မှုကို လျှော့ချဖို့ ရည်ရွယ်ပြီး ဒီသဘောတူညီချက်ကို ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
အစ္စတန်ဘူလ်က ထိပ်သီးအစည်းအဝေးမှာ တူရကီ၊ ယူကရိန်း၊ ရုရှားနဲ့ ကုလသမဂ္ဂတို့ဟာ ယူကရိန်းဆန်စပါးတွေကို လွတ်လွတ်လပ်လပ် တင်ပို့နိုင်ရေးအတွက် ပင်လယ်နက် ကောက်နှံတင်ပို့ရေးအတွက် သဘောတူညီချက်တခု ရရှိကြောင်း သိလိုက်ရလို့ အလေးအနက် စိတ်လှုပ်ရှားမိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကြာသပတေးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖော်ပြပါတယ်။
လာမယ့်နှစ်မှာလည်း စားနပ်ရိက္ခာအကျပ်အတည်းကို ရှောင်ရှားနိုင်ဖို့ ရုရှားအစားအစာနဲ့ ဓာတ်မြေသြဇာ တင်ပို့မှုမှာ အကန့်အသတ်မဲ့ ပို့ကုန်တွေဆီ ကျန်ရှိနေတဲ့ အတားအဆီးတွေကို ဖယ်ရှားဖို့ ကုလသမဂ္ဂကလည်း ကတိပြုထားကြောင်း ဂူတာရက်စ်က ပြောပါတယ်။
ကုလသမဂ္ဂနဲ့ ယူကရိန်းတို့က ၁ နှစ် သက်တမ်းတိုးဖို့ တောင်းဆိုထားပေမဲ့ အခု ရက်ပေါင်း ၁၂၀ သာ သက်တမ်းတိုးနိုင်သေးတာ ဖြစ်ပါတယ်။