close

မကွေးမြို့နယ် လ.ဝ.ကရုံး မိုင်းခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ မကွေးမြို့နယ် လ.ဝ.က ရုံးကို အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ ဗိဿနိုး-PDF က မိုင်းခွဲတိုက်ခိုက်ခဲ့လို့ အဆောက်အဦနဲ့ ပရိဘောဂပစ္စည်းတချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗိဿနိုး-PDF ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်က ဒီဗွီဘီကို ပြောပါတယ်။

မကွေးမြို့ အဝေရာလမ်းပေါ်မှာရှိတဲ့ မြို့နယ်လဝကရုံးကို နိုဝင်ဘာ ၁၇ ရက် မနက် ၁၁ နာရီကျော်လောက်မှာ အဝေးထိန်းမိုင်း ၁ လုံးနဲ့ ဖောက်ခွဲခဲ့လို့ အဆောက်အဦနဲ့ ပရိဘောဂ ပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဘက်က ရဲဘော်တွေက လဝကရုံးထဲမှာ မိုင်းကိုသွားထားပြီး အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာဗျ။ အဲဒီနေ့က ရုံးပိတ်ရက်ဆိုတော့ ဝန်ထမ်းတွေလည်း မရှိတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူး။ အစောင့်တွေရှိပေမဲ့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်။ ကျနော်တို့တပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယန္တရားဒေါက်တိုင်တွေကို ဖြိုချဖျက်ဆီးတာဖြစ်ပြီး Non CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်းပြီး ယန္တရားလည်ပတ်အောင် လုပ်ဆောင်နေမယ်ဆိုရင် သူတို့ရဲ့အသက်ကို လုံးဝ အာမ မခံဘူး။”

ဗိဿနိုး-PDF အနေနဲ့ ရှေ့ဆက်ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေနဲ့အတူ ပူးပေါင်းကာ စစ်အာဏာရှင် အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ်သွားမှာဖြစ်လို့ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာလည်း အောက်တိုဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်သားတွေကို ဗိဿနိုး-PDF အပါအဝင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၄ ယောက်သေဆုံးကာ PDF ရဲဘော်တယောက် ဒဏ်ရာအနည်းငယ် ရရှိခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up