close

ကလိန်အောင်တွင် စစ်ကောင်စီက ဆိုင်ကယ်တစီး နှစ်ယောက်စီးခွင့်မပြု

တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့မှာ နိုဝင်ဘာလလယ်လောက် ကစပြီး ဆိုင်ကယ်တစီးကို နှစ်ယောက်မစီးရ ကန့်သတ်ချက်နဲ့ တင်းကျပ်စစ်ဆေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြိုခံတဦးက “ကလိန်အောင်တံတားဂိတ်မှာ ပိုစစ်တယ်။ အဲဒီရှေ့ကဖြတ်ရင် နှစ်ယောက်မစီးရဘူး။ ဆိုင်းဘုတ်လည်း ထောင်ထားတယ်။ ကျန်တဲ့နေရာမှာတော့ တခါတလေ စစ်တယ်။  ဆိုင်ကယ်နဲ့ ပတ်သက်လို့ စစ်ပြီး ငွေတောင်းတာမျိုးတော့ မကြားရသေးဘူး။ နောက်ပိုင်းတော့ ဘယ်လိုလာမလဲ မသိဘူး” လို့ ပြောပါတယ်။

ဆိုင်ကယ် နှစ်ယောက်မစီးရ ကန့်သတ်ချက်ဟာ မော်တော်ယာဉ်နည်းဥပဒေ ၃၂၁ မှာလည်း ပါဝင်ခြင်း မရှိသလို ဒေသန္တရအမိန့်ပုံစံမျိုး ထုတ်ပြန်ပြီး ဆိုင်းဘုတ်တခု ထောင်ထားတာက လွဲလို့ ပြည်သူလူထု သိအောင် ဆောင်ရွက်ထားတာမျိုးလည်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ထားဝယ်မြို့မှာ အခုနှစ် ဇွန်လလောက်ကစပြီး ဆိုင်ကယ်စီးလျှင် အမျိုးသားနှစ်ဦး မစီးရ၊ အမျိုးသမီးနောက် အမျိုးသားထိုင်မလိုက်ရ စတဲ့ စစ်ကောင်စီ ရဲ့ ကန့်သတ်ချက်တွေကြောင့် သွားရေးလာရေး ခက်ခဲနေပြီး ဆိုင်ကယ်အစား သုံးဘီးယာဉ်တွေကို ပိုအသုံးပြုနေကြရပါတယ်။

စစ်ကောင်စီဟာ စစ်တပ်နဲ့ဆက်စပ်သူတွေ လုပ်ကြံခံရမှုနဲ့ စစ်ဆေးရေးဂိတ်တွေ တိုက်ခိုက်ခံရမှု တွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဆိုင်ကယ်အသုံးပြုပြီး လာရောက်တိုက်ခိုက်တယ်လို့ ယူဆပြီး အခုလို ကန့်သတ်ချက်တွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up